Part - 25(Uni & Zawgyi)

31.7K 2.2K 138
                                    

တိမ်ယံ့အကိုဟုပြောသောကောင်လေးမှာ အရေးကြီးသုတ်ဖြာဖြင့် နောက်ကောင်လေးဆွဲသည့် နောက်ပါသွားလေတော့သည်။ တိမ်ယံကရော ဘယ်မှာလဲ။
စဥ်းစားမနေတော့ပေ။ ဝမ်းရှိရာ ဆေးရုံသို့အမြန်ပြန်လာကာ
ဝမ်း နိုးပြီလားမနိုးသေးဘူးလားကိုသာ သိလိုတော့သည်။

"အဘွားနမ်......."

ပါးစပ်ထဲပလုတ်ပလောင်းဖြင့် ထမင်းများဝါးကာ ရယ်ပြနေသည့် သားဖြစ်သူပင်။ ခေါင်းထိပြီးသည့် နောက်ပိုင်းတည်းက သားလေးဆီမှ မဲ့(မေမေ) ဟူသည့်ခေါ်သံမကြားရတော့ချေ။ ကိုယ်တိုင်လိမ်ကာ အဘွားဟူ၍ သိထားပြီးနောက် အဖွားဟုသာခေါ်စေပြီး ရှမ်းလူမျိုးဟူ၍လိမ်ကာသာ
ဇာတိချက်ကြွေမွေးရပ်မြေနှင့် မျိုးရိုးကိုပါဖျောက်လျက်
နေထိုင်ရသည်။

ဤသည်က ထိုလူ့ကိုချစ်၍ရသည့်
အမှားဖြစ်နေသည့်တိုင် နောင်တတော့မရပါ။

နွယ်မြက်သစ်ပင်တွေက ရစ်ပတ်ချင်လျင်တောင်
ကျောက်သားကျောက်ဆောင်ကြီးကတော့ မလှုပ်မယှက်
ဒီအတိုင်းရှိနေမှာပဲ မဟုတ်လား.....

"ဝမ်း သတိရပီလား....ဆရာဝန်ဘာပြောလဲ..."

"အားလုံးကောင်းပြီတဲ့...အမေရဲ့..."

"ငါတို့ဆေးရုံကဆင်းမယ်.... "

အဘွားနှင့်ဦးလေး ဘာစကားများပြောနေကြသည်ကိုမသိပေ။ ဝမ်း နားမလည်သည့်စကားများဖြစ်နေခြင်းကြောင့်
ထမင်းကိုသာဝါးနေမိသည်။

"ဝမ်း...."ဆိုသည့်ခေါ်သံ သေသေချာချာကြားလိုက်သည်က အကို့ အသံပင်။ ဆေးရုံခန်းအား ဝေ့ဝဲကာ ကြည့်လိုက်မိရာ စကားများနေသော ဦးလေးနှင့်အဘွားသာတွေ့ရသည်။
အဘွားအပြင်သို့ထွက်သွားပြီး ဉီးလေးကလည်း ပစ္စည်းများသိမ်းနေလေသည်။ ဝမ်း အား ကိုယ့်ဘာကိုယ်ဆက်၍
ထမင်းစား ကလေးနေဟုဆိုကာ ခေါင်းပုတ်၍ ရှိသမျှပစ္စည်းများ အိတ်ထဲထည့်နေလေတော့သည်။

"လာ ဝမ်ဝမ်း....အင်း​လေးအိမ်ပြန်ရအောင်...."

ဆရာဝန်ကဆင်းရန်ခွင့်မပြုသေးပေ။သို့သော်လည်း ကျမသားလေးအား စိတ်မချပေ။ မတော်တဆများ ကံဆိုသည်ကပြောမရချေ။ သူဋ္ဌေးလုံ ကျွန်မယောကျာ်း ဝမ်းဖခင်၏
လူများလိုက်ရှာ၍ တွေ့သွားသည်ရှိသော် လိုက်သတ်နေကြလျှင် ဝမ်းလေးသည်က မပေါ့မပါးကြီးနှင့် အသက်သုံးသက်ဖြစ်နေမည်။ ဝမ်း ကိုယ်ဝန်သည်က အမွှာလေးများဟု
သိထားကသည်ကြောင့်ရော၊ ယောကျာ်းလေးဖြစ်နေသည်ကြောင့်ပါ ကိုယ်ဝန်ကိုဂရုစိုက်ပေးရမည်။

အကို (Completed)Where stories live. Discover now