အလုပ်ခန်းထဲတံခါးခေါက်ကာဝင်ချိန် အန်ကယ်လုံနှင့်ဆုံသည်မို့ ခေါင်းတစ်ချက်ငြိမ့်ပြလိုက်သည်။ အန်ကယ်လုံလည်း သူ၏လက်ပ်တော့ပ်ကိုကိုင်လျက်
ထွက်သွားသည့်တိုင်
ဝမ်း တစ်ယောက်ကတော့ စားပွဲထဲခေါင်းကြီးဝင်မတတ်ပေ
စာရွက်ဖြူဖြူလွလွလေးများကို တစ်ရွက်ချင်းလှန်ကာ ကြည့်ပြီး လက်မှတ်ထိုးနေရှာသည်။ဝင်လာသူအား ခေါင်းလေးမော့ကြည့်လျက် ရယ်ပြပြီး အလုပ်ဆက်လုပ်နေသည့် ကောင်လေးအနားသို့သွားကာ ရပ်၍ကြည့်နေလိုက်သည်။ သုံးရက်တိတိရှိလေပြီ။
ကျွန်တော်ဘုန်းကြီးလူထွက်လာပြီး ညတည်းကပင်
ဝမ်းလေးတစ်ယောက်အလုပ်များစွာ ရှုတ်ရှပ်ခတ်နေသည်။
အိပ်ယာဝင်ချိန် ည၁၁နာရီလောက်မှ အခန်းထဲပြန်ရောက်လာကာ ရင်ခွင်ထဲအတင်းတိုးပြီး အိပ်ပျော်သွားတတ်သည်။ဝမ်း ဦးလေးပြောပြသည်ကတော့ ကျွန်တော်ဘုန်းကြီးဝတ်စဥ်တည်းက ကျွန်တော့်ဝေယျာဝစ္စချက်ပြုတ်ပေး၊ ဘုန်းကြီးကျောင်းဆွမ်းပို့၊ သားနှင့်သမီးနဲ့သာအတူ အချိန်ကုန်နေသည်မို့ ယခုမှသာ ပစ်ထားမိသည့်အလုပ်များကို သိမ်းကျုံးလုပ်နေရ၍ဟုဆိုသည်။ သို့သော် ကိုယ်တိုင်ကတော့ မယုံပါ။
မနေ့က အလုပ်ခန်းသော့ကိုယူကာ ဝမ်း အလုပ်လုပ်နေသည့်နေရာသို့ ဝင်ကြည့်ဖြစ်သည်။ ဘာရယ်တော့မဟုတ်ပေ။ ညအချိန်၁၀နာရီခွဲနေပြီမို့ အိပ်ယာဝင်ရန်သွားခေါ်ခြင်းပေ။
အခန်းထဲရောက်ချိန်မှာတော့ ဝမ်း ရော အန်ကယ်လ်လုံရောရှိမနေပေ။ အန်ကယ်လ်လုံ့၏ အခန်းသို့သွားကြည့်ဖြစ်သည်။ အန်ကယ်လုံ၏အခန်းမှာများအလုပ်လုပ်နေကြသည်လား တွေးမိခြင်းကြောင့်သာ။အခန်းရှေ့ရပ်နေကြဖြစ်သော
ကိုယ်ရံတော်ကိုလည်းမတွေ့သလို တံခါးလည်းလော့ခ်ချမထားပေ။အခန်းထဲခေါင်းဝင်ကြည့်တော့ ကုတင်အထက်တွင်အိပ်နေသည်ကိုလည်းမတွေ့ပေ။ ဝမ်း ဦးလေး၏ အခန်းရှေ့တွင်တော့ အန်ကယ်လုံ့အခန်းရှေ့စောင့်နေကြအစောင့်ကိုတွေ့သည်။ဝမ်း ဦးလေးအခန်းတံခါးကိုခေါက်ကြည့်ပြီး မေးမိရာ အန်ကယ်လုံအိပ်သွားသည်က သူ့အခန်းထဲတွင်ဟုဆိုလေသည်မို့ ဘာအကြောင်းမှမဟုတ်ပါဟုဆိုပြီးသာ မနက်မှပြောမည်ဟုပဲ ပြောလိုက်ရသည်။ စိတ်ထဲတစ်မျိုးကြီးနှင့် ကိုယ့်အခန်းကိုယ်သာပြန်လာပြီး ထိုင်နေမိသည်။
YOU ARE READING
အကို (Completed)
Romanceအရာအားလုံးခွင့်လွှတ်တာမို့ ပြန်လာပေးပါ အကို............... ...................................................... အရာအားလုံးခွင့်လွှတ်တာမို့ ပြန်လာပေးပါ အကို...............