"မိုးတိမ်...... တင်တင်ထွဋ် ကို သတိထားစေချင်တယ်....
အစစအရာရာ ဂရုစိုက်ပါ......သူက ဂျင်ပေါ်က ထုံး.....
အရမ်းလည်တယ်..........."မနေ့ကထိုင်ကာစကားပြောပြီးနောက် အတွေးကိုယ်စီဖြင့်
ညစာစားသည့်နေရာရောက်ခဲ့ပြီး စားသောက်ပြီးချိန် ကိုယ့်အခန်းကိုယ်ဝင်ကာ အိပ်စက်ခဲ့ကြသော်လည်း ကျွန်တော့်တွင် ပဟေဠိများစွာ အဖြေရယ်ကထွက်မလာသေးချေ။ယခုလည်း မနေ့ကရုံးချိန်းထုတ်ချိန် ပြသနာပေါင်းများစွာတက်ထားရာ တင်တင်ထွဋ် ထိခိုက်မိသည်ကြောင့် ဆေးရုံရောက်နေခြင်းတွင် သတိမရသေးသည်ဟု သတင်းရထားသည်မို့ အလုပ်သွားတော့မည့် ကျွန်တော့်အား ကိုကြီးထွဋ်ခေါင် စိတ်ပူကာမှာနေခြင်းကို ခေါင်းငြိမ့်ကာ ပြုံးပြလိုက်ပြီး အလုပ်ရုံးရှိရာထွက်လာခဲ့လိုက်သည်။
"ဆရာ.... သတင်းကတော့ မကောင်းဘူးပဲ...."
ရုံးထဲအဝင်အဝမှာတင် တပည့်ဖြစ်သူ၏ ခရီးဦးကြိုပြုမှုသည်က ရင်ဝကိုဖနောင့်နဲ့ကန်ချခံလိုက်ရသလိုပင်။
ဘာတွေများ ဖြစ်ပြန်ပြီလဲတွေးကာ သက်ပြင်းချရင်း
မျက်ဝန်းများဖြင့်သာ ပြောဟုမေးရတော့သည်။"ဒေါ်တင်တင်ထွဋ် ယဥ်ယဥ်လေးရူးသွားပြီတဲ့....."
"ဘာ......."
အော်သံကြောင့်ထင် ဋ္ဌာနတစ်ခုလုံးရှိလူများ၏ မျက်ဝန်းများသည်က ကျွန်တော့်ထံစုပြုံကျလာလေတော့သည်။
မဖြစ်သင့်သည်မို့ ကိုယ်တိုင်ကိုယ်ကျသွားရောက်ကာ
စစ်ဆေးမည်ဟု စိတ်ထဲကြုံးဝါးလိုက်သည်။မနေ့ကလေးတင် အကောင်းကြီးရှိသေးသည်။
နဖူးကို ခဲမှန်တာလောက်က ဘယ့်နှယ်ကြောင့် ရူးသွားရသည်လဲ။ ထိုအမျိုးသမီးရှိရာဆေးရုံဆီသို့ ဦးတည်လျက်
ရုံးခန်းထဲမှ တပည့်များအား မှာစရာရှိတာများမှာပြီး
ဆေးရုံသို့ထွက်လာခဲ့လိုက်သည်။"ကဲ....ဒီဆွဲသီးကို လိုက်ကြည့်မယ်နော်....."
ဆရာဝန်ဆိုသော ဂျူတီကုတ်ဝတ်ထားသည့်လူနှင့် ရဲဋ္ဌာနမှရဲများလည်းရှိကာ အရူးကိုစိတ်ညှိို့ပညာဖြင့် စမ်းသပ်နေကြသည်။
YOU ARE READING
အကို (Completed)
Romanceအရာအားလုံးခွင့်လွှတ်တာမို့ ပြန်လာပေးပါ အကို............... ...................................................... အရာအားလုံးခွင့်လွှတ်တာမို့ ပြန်လာပေးပါ အကို...............