အိမ်အပေါ်ဆုံးထပ်သို့တက်ကာ လသာဆောင်တွင်ရပ်ပြီး
မှန်ချပ်များကိုကျော်ကာ မော့ကြည်ရင်း
ကောင်းကင်ယံထက်မှ ထိန်ထိန်သာနေသည့် လမင်းကြီးကိုငေးနေမိသည်။ အကို ဦးဇင်းဝတ်နေသည်က မနက်ဖြန်ဆိုပါလျှင် ၁၁ရက်ပြည့်၍ လူဝတ်လဲကာ အိမ်သို့ပြန်လာတော့မည်။ ရင်ထဲတွင် မငြိမ်းချမ်းခြင်းတရားတို့ ကိန်းအောင်းနေသူမှာ ဝမ်း ကိုယ်တိုင်ပင်။ မမကြီး၏သတင်းများကြားသည်။ရှေ့နေကြီးကလည်း အစွမ်းကုန်ကြိုးပမ်းပေးနေသည်က သူမအိမ်ပြန်နိုင်ရန်ဆိုသည့်အကြောင်းတရားများသာ။"အန်ကယ်လ်လုံ မမကြီးအိမ်ပြန်ရောက်ရင် ဘာဆက်ဖြစ်မယ်ထင်လဲ....."
ကောင်းကင်ထက်ဝယ် အေးချမ်းသာယာစွာ ထွန်းလင်းနေသည့် လမင်းကြီးကိုကြည့်နေသော ချစ်ရသောတူလေး ဝမ်း၏ မျက်နှာထက်တွင် စိုးရိမ်သောက လှိုင်းလေးများသည် ရောင်စုံကာလာစုံဖြတ်သန်းပြေးလွှားနေသည်။
ဆယ်ရက်ကျော်လုံးရော ၊ တိမ်ယံ ဘုန်းကြီးဝတ်စဥ် အလုပ်တစ်ဖက်နှင့်တောင် မနားမနေ မနက်လင်းသည်နှင့် ကိုယ်တိုင်ချက်ပြုတ်ပြီး ဆွမ်းချိုင့်ပို့၊
ရုံးသွားစရာရှိလျှင် အပြေးသွား၊ သားနှင့်သမီးကို ထိန်းကျောင်းကာ ပျော်ရွှင်စွာနေနေသည်မို့ မေ့ထားသင့်သည်ကို မေ့ထားလိုက်ပြီဟုထင်ထားသော်လည်း အမှန်တွင်တော့ ထိုသို့ဟုတ်မနေပဲ အမြဲတွေးနေခဲ့သည်လား။ဤကိစ္စကြီးကို အမြဲတစေ တွေးနေသည်လား။
စိုးရိမ်သောက ဗျာပါဒအဖြာဖြာကို ရင်ဝယ်ထားပြီး အပြင်ဘက်မျက်နှာလေးအား အေးချမ်းခြင်းအတိ။ အပြုံးပန်းတို့ ဖုံးအုပ်ထားသည့်မျက်နှာအောက်ဝယ် ပူပင်ခြင်းတွေ တစ်ပါးသူမမြင်ရလေအောင်ထိန်းချုပ်ထားတာ ပင်ပန်းနေရော့ပေါ့။"သူမကို အစဖျောက်လို့ရမယ့် အကြောင်းရင်းရှာပေးပါ...."
ဦးလေးဖြစ်သူပြန်မဖြေသည်ကို တစ်ချက်စောင်းငဲ့ကြည့်ပြီး
လမင်းကြီးအား မော့ကြည့်ကာ ထိုသို့စကားလုံးများကို
ပကတိအေးချမ်းသော မျက်နှာလေးဖြင့်ဆိုပြီးနောက်
ကျွန်တော့်အား တဖန်ပြန်၍ လှမ်းကြည့်လာသည့် ဝမ်း ၏ မျက်နှာထက်တွင် လွန်စွာချိုသာလွန်းသည့် အပြုံးတစ်ခုကို တပ်ဆင်ထားလေသည်။
YOU ARE READING
အကို (Completed)
Romanceအရာအားလုံးခွင့်လွှတ်တာမို့ ပြန်လာပေးပါ အကို............... ...................................................... အရာအားလုံးခွင့်လွှတ်တာမို့ ပြန်လာပေးပါ အကို...............