တင်တင်ထွဋ်တစ်ယောက် အိမ်သို့ပြန်ပြီးနောက် ဆရာပြောသလိုပင် တိမ်ယံ့အခန်းထဲဝင်ကာ တိမ်ယံ့အိပ်ခဲ့သည့် ခေါင်းအုံးအောက်သို့အရုပ်ကိုထည့်သည်။ အိမ်၏အဝင်အဝနေရာတွင်လည်း ဆရာပြောသည့်အတိုင်းလုပ်ထားလေသည်။
"ညတွင်းချင်း ထူးခြားမယ်ဆိုရင်တော့ ခြားပေါ့...
မဟုတ်လို့ကတော့
အဲ့ဆရာလဲ ငရဲအိုးဂျိုးကပ်နေအောင်ကို လုပ်ပစ်မယ်...."..........
လုံအိမ်တော်ကြီးထဲတွင်လည်း ထူးခြားမှုတစ်ခုဖြစ်ခဲ့လေသည်။
ရင်ခွင်ထဲသို့တင်းကြပ်စွာဖက်တွယ်ထားမိသည့် ဝမ်းလေးသည် ငြိမ်သက်စွာပင် ကျွန်တော့်အားပြန်လည်ကာ တင်းကျပ်စွာ ဖက်တွယ်ပြီးနောက် ငိုနေသည်ထင် ရင်ဘတ်တနေရာမှ စိုစွတ်မှုတို့ရလေတော့သည်။
"ဝမ်း....."
ရင်ခွင်ထဲမှထုတ်ကာ ငိုနေသည့် ကလေးအားချော့မြူလိုသည်ကြောင့် အနည်းငယ်လှုပ်ကာ ဖယ်ခွာမိသော်လည်း
ထိုကလေးငယ်က အတင်းအကြပ်ဖက်တွယ်ပြီး ခိုလှုံနေသည့် ထိုရပ်ဝန်းလေးမှ မထွက်တော့ချေ။"ခဏလေး...ခဏလေးပါပဲ အကိုရယ်...ခဏလေးပါ...."
ရင်ခွင်ထဲမှ ကိုယ်သေးသေးလေးအား ပြန်လည်ဖက်တွယ်လိုက်ပြီးနောက် ဆံနွယ်လေးများကို ခပ်ဖွဖွနမ်းရှိုက်လိုက်သည်။ယခင်ကလိုပင် ချိုမြိန်နေဆဲ။ လတ်ဆတ်နေမြဲပေ။
"အကို........."
ခေါင်းလေးမော့ကာ မျက်ရည်အဝိုင်းသားမျက်ဝန်းများဖြင့်ကြည့်လာသည့်ကောင်လေးအား ပြုံးပြလိုက်သည်။
ခန္ဓာကိုယ်လေးသည်က ရင်ခွင်ထဲမှနေ၍ ခပ်ဖွဖွလေးကြွလာကာ မျက်ဝန်းများအား စူးစိုက်စွာကြည့်ရင်း အကြည့်ချင်းစစ်ခင်းမိကြသည်။ မျက်တောင်မခတ်တမ်း အချစ်ရည်ရွှန်းသော မျက်ဝန်းများဖြင့် အပြန်အလှန်ကြည့်ကြပြီး နှစ်ယောက်သားအပြုံးကိုယ်စီဖြင့် ဝမ်း ၏ မျက်နှာသေးသေးလေးသည် ကျွန့်ေတာ့်မျက်နှာနှင့်နီးကပ်လာချိန် မေးဖျားသို့ရိုက်ခတ်လာသည့် အသက်ရှူခြင်းကြောင့် ဖြစ်ပေါ်လာသော လေငွေ့ငွေ့လေးသည်က မျက်ဝန်းများကို
မှိတ်သွားစေရန် စေစားသည့်အလား။ မျက်ဝန်းများမှိတ်စက်လိုက်ပြီးချိန်တွင် နူးညံ့အိစက်သော နှုတ်ခမ်းသားလေးသည်က ကျွန်တော့်နှုတ်ခမ်းထက်သို့ကြွေကျသည်။
ဖိကပ်ထားပြီးနောက် ၅စက္ကန့်လောက်အကြာတွင် လေဟာနယ်၏ အေးစက်မှုတို့ရရှိသွားသည်ကြောင့် ထိုအိစက်စက်လေးက စွန့်ခွာသွားသည်ထင်။
YOU ARE READING
အကို (Completed)
Romanceအရာအားလုံးခွင့်လွှတ်တာမို့ ပြန်လာပေးပါ အကို............... ...................................................... အရာအားလုံးခွင့်လွှတ်တာမို့ ပြန်လာပေးပါ အကို...............