အိပ်နေရာမှ ဝမ်း နိုးလာချိန်တွင် ပူခြစ်နေသည့်ခံစားချက်ကြီးနှင့်အတူ ခါးအထက်မှလည်း နာကျင်နေသည်က
အောင့်မြတ်တစ်စို့နေဆဲပင်။ မျက်လုံးများဖွင့်ကြည့်မိရာ
ဝမ်း လေပေါ်ရောက်နေသည်လား မပြောတတ်။
မွေ့ယာသည် ဝမ်း၏ အောက်ဘက်တွင်မရှိနေပေ။
နိမ့်ခြည်မြင့်ချည်ဖြင့် နထင်ဘက်အခြမ်းနှင့် ခါးပေါ်တွင် တင်းကြပ်နေသည့် လက်တစ်စုံ။ လူတစ်ယောက်ကိုယ်ပေါ်တွင် ရောက်နေခြင်းပါလား။ ပူခြစ်နေသည့်ထိုလူသည်ကလည်း အသက်တော့ရှူသေးတာပဲဟု တွေးနေစဥ် ငြီးငြူနေသည်က တဟင်းဟင်းနှင့်ပင်မို့ မော့ကြည့်လိုက်မိသည်။"အကို..... အကို....."
"ဟင်း....အဟင်း......အင်း....."
နာကျင်နေသည့်ကြားမှ အားယူကာထပြီးနောက်
အဝတ်အစားများကောက်စွတ်လိုက်သည်က လျင်မြန်စွာပင်။ပြီးနောက် အဲကွန်းပိတ်ကာ ခန်းဆီးလိုက်ကာဖွင့်လိုက်သည်။ ခြေရင်းဘက်မှ ရှိနေသည့် တံခါးလေးတစ်ချက်အား ဖွင့်ကာ ရေချိုးခန်းမှ မှန်တံခါးတစ်ချက်ပါ ဖွင့်လိုက်သည်။"အကို......"
"အင်း.......ဟင်း.....ဝမ်း.... ဝမ်း......."
ဝမ်းနာမည်အားခေါ်ကာ လက်ကိုဆွဲလို့
အတင်းအကြပ်ဖက်နေသည့်
အကို့အား ဝမ်း ငြိမ်ငြိမ်လေးနေပေးလိုက်သည်။
ခဏအကြာတွင်တော့ အကို ငြိမ်ကျသွားပြန်သည်။
မျက်နှာတစ်ခုလုံးနီမြန်းကာ တစ်ကိုယ်လုံးပူနေပုံထောက်လျှင် အကို ဖျားနေသည်ပဲနေမည်။အကို့အတွက် ညဝတ်အကျီကြီးပဲဝတ်ပေးလိုက်ပြီး
နာကျင်နေသည့် ခါးတစ်ဖက်အား ကိုင်ကာ
အောက်ထပ်ရှိ ကိုဗညားအား ပြေးဆင်းကာရှာရသည်။ညဝတ်အကျီလဲမလဲအား ရေလဲမချိုးရသေး၊ မျက်နှာပင် မသစ်ရသေးပါပဲ ပြေးလွှားနေသည့်ပုံသည် ဖရိုဖရဲဖြစ်နေလိမ့်မည်။ ထိုသို့ပုံအား အကို မြင်လျှင် ပေတိပေစုတ်နေရကောင်းလားဟု ရိုက်ပေလိမ့်မည်။ နောက်မှပဲရိုက်ချင်ရိုက်ပါစေ ဟုတွေးကာ ကိုဗညား အား အော်ခေါ်ရသည်။
ဘယ်ရောက်နေသည်မသိ။အခန်းထဲလဲရှိမနေပေ။"ကိုဗညားရေ.............."
ကျန်တာများအား စိတ်မဝင်စားနိုင်သေးပေ။ မီးဖိုထဲဝင်ကာ
အကို့ အတွက်ဆန်ပြုတ်လုပ်ခိုင်းလိုက်သည်။
ရောက်လေရာအရပ်မှ အသံကို အားရှိသလောက်ညှစ်ထုတ်ပြီး ကိုဗညားနာမည်ကိုအဆက်မပြတ်ခေါ်နေမိသည်။
YOU ARE READING
အကို (Completed)
Romanceအရာအားလုံးခွင့်လွှတ်တာမို့ ပြန်လာပေးပါ အကို............... ...................................................... အရာအားလုံးခွင့်လွှတ်တာမို့ ပြန်လာပေးပါ အကို...............