ကလေးထိန်းခေါ်ထားသည့် ကောင်မလေးနှစ်ဦးလက်ထဲမှ
အမြွှာနှစ်ယောက်သည် ချီထားသည်ကိုငြိမ်နေသည်။
အဝတ်အစားအသစ်များ လဲပေးထားသည်ကြောင့် ထိုသို့ငြိမ်နေခြင်းပေ။ အိမ်နေရင်းဝတ်စုံဖြင့်ဆိုလျှင် ကော့ပြန်လျံအောင်ကို အော်ငိုကာ သူတို့ဆော့နေကြ အခင်းပေါ်သို့ဆင်းကြမှာ မလွဲချေ။"ပုံတုံးတုံလေးရေ....ပါပါးဆီလာ...... ပါပါးချီမယ်...."
လက်လေးကမ်းကာ သမီးလေးကိုချီရန် ပြင်လိုက်သည်တွင် သမီးလေးကလည်းအလိုက်သင့်လေးလိုက်လာသည်။
သားထက်သမီးလေးက ကျွန်တော့်အားပိုကပ်ချင်သည်။ သို့သော် ဝမ်း က သားလေးကိုသာ အချီများသည်။
သမီးလေးကို သိပ်မချီရချေ။ သမီးလေးက ချူချာသည်။
ခဏ ခဏဖျားနာတတ်သည်ကြောင့် ခွန်မဲ့၊ဒေါ်လေးနှင့်ဦးလေးလက်ထဲတွင်သာ အနေများသည်။"အူးဝါး..........ဝါး........"
"ပါပါးသားလေး....မငိုပါနဲ့ကွယ်....ညီမလေးက
နေမကောင်းလို့ပါကွယ်.... "သားလေးသည်က အကို့လိုပင် စိတ်ကောင်းကိုမရှိချေ။
အကို့လိုပင် အကိုကြီးများ၊ ညီလေးများကို အနိုင်ကျင့်တတ်သလို သားလေးသည်လဲ တစ်ပုံစံတည်းပင်။ ယခုလဲ ညီမဖြစ်သူကိုချီသည့် ကျွန်တော့်ကိုကြည့်ကာငိုပြီး ချော့မြူသည်ကိုပင် မျက်နှာလွှဲသွားသည်။
"ဝမ်း....ပေးပေး အန်ကယ်လုံ့ကို ပုံတုံးတုံလေးကိုပေး..."
ပေးလိုက်သည်နှင့် သမီးလေးအား အသင့်ဝတ်ဆင်ထားသည့် ကလေးချီသည့် ခါးပတ်လေးထဲသို့ သားပိုက်ကောင်လေးလိုထည့်ကာ ချီလိုက်သည်။ ဘေးနားတွင်လာရပ်သည့် ဦးလေးလည်း ထိုကလေးချီသည့် ခါးပတ်အား ဝတ်နေလေသည်။ပြီးနောက် ယံယံလေး အား အန်ကယ်လုံ ချီသလိုပင်ချီလိုက်သည်။
ဖုန်းပြောနေသည့် အန်ကယ်လ်လုံအား ကြည့်လိုက်ပြီး
လက်မှနာရီကိုကြည့်လိုက်သည်။
လေဆိပ်ဆင်းရန် အချိန်သင့်နေလေပြီမို့ ခွန်မဲ့နှင့်ဖော ထိုင်နေရာ ဧည့်ခန်းမကြီးဆီသို့ ယခုဧည့်ခန်းအသေးလေးအား
စွန့်ခွာကာ ထွက်ခဲ့လိုက်သည်။"ခွန်မဲ့...... လိုက်ခဲ့တာမဟုတ်ဘူး....
ဝမ်းက လွမ်းနေရတော့မယ်....."
YOU ARE READING
အကို (Completed)
Romanceအရာအားလုံးခွင့်လွှတ်တာမို့ ပြန်လာပေးပါ အကို............... ...................................................... အရာအားလုံးခွင့်လွှတ်တာမို့ ပြန်လာပေးပါ အကို...............