"ဒါဒါ......တကယ်လားဟင်....."
ဝမ်း ယုံ၍တော့မဟုတ်ပါ။သို့သော်သေချာချင်သေးသည်။
"တကယ်ပါ ဝမ်းရဲ့..."
"ဒါ ဒါပေမယ့် ဝမ်းက ဝမ်းက......"
ငိုသံပါကြီးဖြင့် မျက်ဝန်းများပုတ်ကာခတ်ကာ စာရွက်ကိုအကြည့်မခွာပါပဲ ပြုံးလျက်ကြည့်ကာ စကားပြောနေလေသည့်
မျက်စိရှေ့မှကောင်လေးအားကြည့်ကာ ဂရုဏာသက်စွာပြုံးမိသည်။ အိမ်ကယောကျာ်းဖြစ်သူ လမင်းလေးထက်ငယ်သော်လည်း သူ့လေး၏ဒုက္ခသည်က လမင်းခံစားခဲ့ရသလိုပင် ပင်ပန်းခဲ့ရပေမည်မဟုတ်လား။ လမင်းလေး ခံစားရတာထက် ပိုတောင်ပိုပေဦးမည်။"ဒီလိုရှိတယ် ဝမ်းရဲ့... ဆေးပညာမှာကလေ
Oသွေးအုပ်စု Oသွေးအုပ်စုပေါင်းစပ်ရင် ဘယ်သွေးအမျိုးအစားမဆိုဖြစ်နိုင်ချေရှိတယ်.... ဥပမာ A,B,AB ဆိုပြီးတော့ပေါ့.....ဒါကြောင့်မို့လို့ ဆင်းသက်လာတဲ့ မ်ိဘတွေရဲ့ မျိုးရိုးကိုပြန်ကြည့်မယ်၊ပြီးရင် ဘိုဘွားတွေစစ်တမ်းပြန်ကြည့်တယ်ဆိုပါတော့ မျိုးရိုးမှာ Bများရင် B သွေးဖြစ်နိုင်တယ်..... ဝမ်းရဲ့သမီးလေးအဖြစ်ကိုပြောရရင်
ဒါမျိုးကျတော့ မိဘတွေနဲ့မတူပဲ မျိုးရိုးနဲ့တူတာပေါ့........"ဒေါက်တာချစ်ရန်မောင်၏အပြောအား ဝမ်း တစ်ယောက်ကတော့ မျက်လုံးအဝိုင်းသားလေးဖြင့် ခေါင်းလေးငြိမ့်ကာနားထောင်နေလေသည်။
"အဲ့လိုတွေက ရှိတယ်.....ဒါပေမယ့် ရှားတယ်....
တချို့က O သွေး O သွေးပေါင်းပြီး Aplus သွေး၊ A minusသွေး ဖြစ်တတ်တယ်.....
B plusသွေး B minus အဲ့လိုဖြစ်တတ်ကြတယ်....
ဝမ်းက O plus..... တိမ်ယံက O minus....
ဒါရောသိလား......""Plus တွေ Minus တွေရှိတယ်လား...."
"ရှိတာပေါ့ ဝမ်းရဲ့....."
"ပြီးတော့ မမျိုးဥတွေထဲ ဖိုမျိုးဥတွေ ဝင်ရောက်ဖို့ကခက်တယ်ကွဲ့.... တိမ်ယံနဲ့က လင်မယားတွေလေ......
အင်း.....မှားခဲ့ပါတယ်ဆိုတဲ့ လူကျ နာရီပိုင်းလေးလေ...
ဘယ်လိုမှမဖြစ်နိုင်ပါဘူးဗျာ.......
နာရီပိုင်းလောက်လေးတွေ့ထိမိပြီး ကိုယ်ဝန်ရတယ်ဆိုတာတော့ ကျွန်တော်ဆရာဝန်တစ်သက်မတွေ့ဖူးသေးဘူးဗျ....."ရယ်မောကာဖြင့် ရှင်းပြနေလေသည့် ကိုချစ်ရန်မောင်အား
ကြည့်ကာ ပြန်လည်ကာပြုံးပြမိလိုက်သည်။ ပါးပြင်ပေါ်လှိမ့်ဆင်းသွားသည့် မျက်ရည်များ တပါးသူမြင်လည်း မြင်ပါစေတော့လေဟုတွေးလိုက်သည်။ ဧည့်ခန်းဝတွင် အရိပ်တွေ့သည်ကြောင့် ကြည့်လိုက်ရာ 'အကို'ဝင်လာလေသည်။
YOU ARE READING
အကို (Completed)
Romanceအရာအားလုံးခွင့်လွှတ်တာမို့ ပြန်လာပေးပါ အကို............... ...................................................... အရာအားလုံးခွင့်လွှတ်တာမို့ ပြန်လာပေးပါ အကို...............