Part - 21 (Uni & Zawgyi)

30K 2.3K 358
                                    

ပဲခူးမှဒုန်းဆိုင်းမောင်းလာသည့် စိုးထွဋ်၏ကားလေးသည်
ထွဋ်မိသားစုဟူသည့် အိမ်ကြီးရှေ့တွင် ဟွန်းတီးလိုက်သည်။
ခြံစောင့်​ကြီးတံခါးဖွင့်ပေးသည်ကို အမြန်မောင်းကာ ဝင်လိုက်ပြီးနောက် အိမ်ကြီးထဲတန်းဝင်ကာ တိမ်ယံ၏ အခန်းဆီတက်လာခဲ့လိုက်သည်။ အခန်းထဲတွင် ရှင်းလင်းကာ မည်သူမှရှိမနေချေ။ အိမ်အလုပ်များလုပ်နေသည့် ကောင်မလေးတစ်ဦးအား မေးလိုက်ရာ ထွက်သွားသည်ဟုဆိုခြင်းကြောင့်
မမကြီးအခန်းအားလာကာ တံခါးခေါက်လိုက်သည်။

"မမကြီး မနေ့ကပဲခရီးသွားပါတယ် သူဌေးလေး...."

"ကေသရာရော..."

"မမလေးက ဆေးရုံသွားပါတယ်....(......)......"

"ဘာ...ကိုယ်ဝန်ပျက်ကျတာ ဟုတ်လား....
ဝမ်း က.....ဝမ်း က လုပ်လိုက်တာဟုတ်လား........."

"ဝမ်းရော...."

"အင်းလေးပြန်သွားပါတယ် သူဋ္ဌေးလေး....
သူဋ္ဌေးကြီးလိုက်ပို့တယ်လို့ကြားပါတယ်........"

လွန်ခဲ့သည့် ၄ရက်က အဖြစ်အပျက်များအားပြောပြသည်ကို
နားထောင်ပြီး စိုးထွဋ် ခေါင်းကိုက်ချင်သွားသည်။
အန်ကယ်လေးအား ဖုန်းဆက်ကာ ကားမောင်းရင်းပင်
speakerဖွင့်ပြီး ပြောလိုက်မိသည်။

"ဘာ.....မဖြစ်နိုင်တာကွာ....ဝမ်းကလား....
မဟုတ်သေးပါဘူး...ဒါ ထောင်ချောက်ပဲနေမှာ......"

"အေး.. အန်ကယ်လ်လေး အဲ့ဒါတော့မသိဘူး...
အိမ်မှာဘယ်သူမှမရှိဘူးနော်...အဖေ့ကိုလဲမတွေ့ဘူး...."

ထိုအချိန်တွင်တော့ ကေသရာသည်က တင်တင်ထွဋ်ပေးသည့် ဘဏ်ကတ်ထဲရှိငွေများအား သုံးပြီး ဖဲရိုက်ခြင်းဖြင့် ကောင်းကောင်းဇိမ်ခံနေသကဲ့သို့ တင်တင်ထွဋ်သည်လည်း စျေးထဲတွင် ပရဆေးဝယ်နေလေသည်။

အမေရိကားတွင်လည်း တိမ်ယံတစ်ယောက်ဖင် ဂဏာမငြိမ်နိုင်တော့ပေ။ ဗညားဆုံးသွားသည်ကိုသိသော်လည်း
​မိခင်၏ ခွဲစိတ်ကုသထားရမှုကြောင့် မပြန်နိုင်သေးပေ။
ဝမ်း ကိုလည်း စိတ်ပူနေသည်က ဖုန်းဆက်သည်ကို ဖုန်းမကိုင်။ တစ်အိမ်လုံးမှ အိမ်အကူများလည်း ဘယ်တွင်သေနေကြသည်မသိပေ။ အိမ်ဖုန်းကိုလဲခေါ်မရချေ။

အကို (Completed)Where stories live. Discover now