အပြင်ဘက်မှာမိုးတွေရွာနေသည်ကိုကြည့်ရင်း တင်တင်ထွဋ်တစ်ယောက် မျက်ရည်များကျဆင်းနေသည်။
ဒီလိုမိုးသည်းသည့် ညမှာပဲ သူမ၏ဖခင်သေဆုံးခဲ့ရသည်ကို
သူမကိုယ်တိုင်တွေ့ခဲ့ရသည်ကြောင့် မိုးရွာတိုင်းငေးမောကာ ဖခင်၏ပုံရိပ်များအားမြင်ယောင်လျက် မိုးစက်များနှင့်အပြိုင် ပါးပြင်ထက်တွင်လည်းမျက်ရည်မိုးများ ကျဆင်းနေတတ်သည်။ ပါးပြင်ထက်မှ မျက်ရည်များအား ခပ်ဖွဖွသုတ်ဖယ်လျက် ဖုန်းဆက်လိုက်လေသည်။"ဟယ်လို... ငါခိုင်းတာလုပ်ပြီးပြီလား...."
"လုပ်ပြီးပါပြီ ဒါပေမယ့် တိမ်ယံကိုကယ်လိုက်နိုင်ကြတယ်... မသေဘူး မမကြီး...."
"တောက်......အသုံးမကျလိုက်တာ နင်သေချာမလုပ်ခဲ့ဘူးလား ဟေသာ........"
"တောင်းပန်ပါတယ်.....Mask ဖြုတ်ပီး သူနဲ့မတည့်တဲ့ဆေးကိုသေချာထိုးပေးခဲ့တာပါပဲ...."
"ဆေးချိတ်ထားတဲ့ ပုလင်းထဲကိုထည့်ရမှာ ငတုံးရဲ့...
အဲ့ဒါမှ မြန်မြန်သေပြီး ကယ်မရမှာပေါ့.....
ငါကိုယ်တိုင်လုပ်ပြမယ်...အလုပ်ကို ဘယ်လိုထောင့်စိအောင်လုပ်ရတယ်ဆိုတာ သင်ပေးမယ်.....ဒီတစ်ခါတော့ ရှိစေတော့....နောက်တစ်ခါဆို နင်မလွယ်ဘူးမှတ်....."အသုံးမကျသည့် တပည့်များကြောင့် လုပ်ငန်းမအောင်မြင်ပေ။
"မမကြီး...အမတ်လောင်း ရွေးကောက်ပွဲနီးနေပါပြီ...
ကျွန်မပဲသေချာလုပ်ပေးပါ့မယ်...မမကြီး သတိနဲ့နေပါ...
ကင်မရာတွေက နေရာအနှံ့လိုက်နေပါတယ်.....""ကောင်းပြီ...နင်သေချာလုပ်ပါ...ငါငြိမ်ငြိမ်နေမယ်...
သတိထားဦးနော်...နင်ကငါ့လက်ထောက်ဆိုတာ
တချို့တွေသိကြတယ်.... ဝမ်း ကို အမြန်ရှင်းတော့...".....
သွားချင်ရာသွားကာ ဈေးပတ်နေသည့် ကောင်လေးနောက်သို့ လိုက်နေစဉ် လှေပေါ်တက်သွားသည်ကို
မြင်လိုက်သည်ကြောင့် တခြားလှေတစ်စီးပေါ်တက်ပြီး
သူလေးနောက်သို့အပြေးလိုက်ရသည်။ လှေပေါ်ရောက်တော့ဖုန်းလာသည်ကြောင့် ကိုင်လိုက်ရာ
အန်ကယ်လ်လေး ဖြစ်နေလေတော့သည်။"အန်ကယ်လ်လေးပြော...."
"မင်းဘယ်မှာလဲ ဟေ့ကောင်.... "
YOU ARE READING
အကို (Completed)
Romanceအရာအားလုံးခွင့်လွှတ်တာမို့ ပြန်လာပေးပါ အကို............... ...................................................... အရာအားလုံးခွင့်လွှတ်တာမို့ ပြန်လာပေးပါ အကို...............