Part - 37 (Uni & Zaw)

24.3K 1.7K 170
                                    

'တောက်.....'

ရုံးခန်းထဲမှခုံအားရိုက်ချကာ တောက်ခေါက်လျက်
ဒေါသမီးများလောင်မြိုက်နေသည်က တင်တင်ထွဋ်ပင်။
ဦးခေါင်းထက်တွင် စည်းနှောင်ထားရသည့် ပတ်တီးဖြူဖြူအား ကိုင်လျက် နာကျင်သည်ကြောင့်ထင် ညည်းငြူနေတော့သည်။

လွန်ခဲ့သောနာရီအနည်းငယ်က ကိစ္စအားပြန်တွေးကာ ဒေါသတို့ကလည်း အတောမသတ်နိုင်ချေ။ မဲဆွယ်နေသည့် သူမတို့၏ကားနှင့် အောက်ဖက်တွင် လာရောက်ကာ ကြည့်ရှူ့အားပေးနေသည့် ပြည်သူများအကြားတွင် ဘယ်ကမှန်းမသိသည့် ခဲလုံးသည် လေဟုန်စီးကာပျံဝဲလာပြီး သူမ၏ဦးခေါင်းအား ထိမှန်လေတော့သည်။ မိုက်ကိုင်ကာ ပြည်သူများနှင့် ပပြုံးမပျက်စကားပြောနေရသည်ကြောင့်
ထိုအချိန်တွင် ထွက်ပေါ်လာသည့် ဒေါသတို့အား ထိန်းခဲ့ရသည်။ ထိုသို့ထိန်းခဲ့သည်ကလည်း မစိုးပါဘူးဟုတွေးမိသည်။ ပြည်သူများ သနားဂရုဏာသပ်သွားကြသည်မဟုတ်လား။

"မမကြီး......."

"ပြော....ငါ့ကို ခဲနဲ့ပေါက်တာ အကောင်လား....
ကောင်မလား.... တခါတည်း သတ်ပစ်ခဲ့လိုက် ဆန်ကုန်မြေလေးတွေ......."

"ရှာလို့မတွေ့ပါဘူး..........လူအုပ်ထဲ လူတွေအများကြီးနဲ့ အုတ်ရောရော ကျောက်ရောရောဆိုတော့....."

လက်ကာပြလိုက်သည်။ ဘာမှဆက်နားမထောင်လိုတော့ပေ။ ခုံအနောက်သို့ခေါင်းမှီချလိုက်ပြီး မျက်ဝန်းများသာမှိတ်လိုက်သည်။

တိမ်ယံထွဋ်လိုပင် ကောင်းကျိုးမပေးသည့်ဟာများဟု
တွေးလိုက်သည်။ တိမ်ယံထွဋ် ပြန်ရောက်နေသည်က
တစ်ပတ်ရှိနေလေသည်။ သွားကြိုသည်ကို လေယာဥ်စောဆင်းသည်ဟုဆိုကာ ဘယ်အချိန်တည်းကမှန်းမသိ
လေဆိပ်မှထွက်သွားကြသည်။

ထိုနေ့က သူတို့စီးလာမည့် အဂ်လန်မှလေယာဥ်
မဆိုက်ခင် နာရီဝက်အလိုတည်းက ကျွန်မကြိုစောင့်နေခြင်းပေ။ ဤသည်ကိုဘာကြောင့် လေယာဥ်စောဆင်းသည်ဟုဆိုသည်လဲ။ လိမ်လည်နေသည်လား။

ဘာကြောင့် လာကြိုသည်ကို မစောင့်တာလဲ။
မျက်ဝန်းများမှေးစင်းကာ မေးခွန်းများစွာထုတ်ပြီး နောက်ဆုံးတွင်ထိုကိစ္စအား စုံစမ်းရန် ဟေသာ့ကိုခိုင်းဖို့အကြံရကာ မျက်ဝန်းများ ဖုန်းရှိရာနေရာသို့ကြည့်လိုက်ပြီး
ပြုံးလိုက်မိတော့သည်က ခပ်ယဲ့ယဲ့ပင်။

အကို (Completed)Where stories live. Discover now