Part - 32(Uni & Zawgyi)

28.4K 1.9K 106
                                    

Warning BDSM Rate...........

At Indonisia Barli Island...............

ယောကျာ်းဖြစ်သူ ဗီယက်နမ်တွင်တိုးချဲ့ထားသည့် ဘာအလုပ်မှန်းမသိသော နေရောသို့သွားရသည်ကြောင့်
မဲပေါက်ထားသည့် လက်မှတ်တစ်စောင်အပိုအား ဖဲဝိုင်းတွင် ချစ်ရည်လူးတိတီတူးကာ ကလူ၏မြူ၏လုပ်ထားသည့် သူဋ္ဌေးသားလေးတစ်ယောက်နှင့်အတူ ဘာလီကျွန်းတစ်ကဒ်လေးကိုင်ကာ ခရီးထွက်ခဲ့လေသည်မှာ နှစ်ရက်ရှိလေပြီ။

"အဟင့်.....မတော်သေးဘူးလားလို့....."

"မမကိုချစ်လို့လေ...မရဘူးလား....."

"အရမ်းဆိုးတာပဲ...."

"ခင်ဗျားလဲအရမ်းကောင်းတာပဲဗျာ....."

သို့နှင့်မနက်မိုးလင်းစတွင်ပဲ မပြီးပြတ်နိုင်ကြသော တဏှာမီးတို့တောက်လောင်နေကြလေသည်။ အခန်းထောင့်တစ်နေရာတွင်ထောင်ထားသည့် ကင်မရာ၏ အချိန်အရည်အတွက်ဂဏန်းလေးသည်က လှုပ်ရှားကာ ကုတင်ပေါ်မှ ထိုလူနှစ်ဦး၏ပုံရိပ်များအား မှတ်တမ်းတင်နေသည်ကို ကေသရာတစ်ယောက်မသိခဲ့ပေ။ နောက်ဆုံးတွင် ပင်ပန်းသွားသည်ကြောင့် သူမအိပ်ပျော်သွားလေသည်။ အိပ်မောကျကာ ဗလာအတိ ဘာဆိုဘာမှမကြားမသိရတော့ချေ။

နာကျင်နေသည့်ဗိုက်နှင့်အတူ တစ်ကိုယ်လုံးက လေပေါ်တွင်
လက်ခြေထောက်များးလက်များးကိုလည်း ချည်နှောင်ခြင်းခံထားရသလိုပင်။ အေးစက်နေသည်က တစ်ကိုယ်လုံးပင်။ ကျောပြင်မှာလည်းဟင်းလင်းပြင်အလား အဝတ်အစားများလည်းရှိနေသည်ဟု မခံစားရပါ။
အိပ်မက်မက်နေသည်ဟုထင်မိသည်ကြောင့်
မျက်ဝန်းများအား မရမက ဖွင့်ကာကြည့်လိုက်သည်။

မျက်ဝန်းများဖွင့်ဖွင့်ချင်း ဖြူဖြူကြီးနှင့်မျက်နှာကျက်အလား။သို့သော်ကြမ်းပြင်ကြီးမှ ကြွေပြားများဖြစ်နေသည်။ ရှေ့တည့်တည့်ကြည့်မိစဉ် ဆိုဖာခုံတစ်ခုပေါ်ထိုင်နေသည့်
စမ်းရည်နှင့်ဟေသာ တို့အားတွေ့လိုက်ရသည်။ မဟုတ်သေးဘူးလေ။ ကျွန်မ ခရီးထွက်နေသည်မဟုတ်လား။
ဘာကြောင့် သူတို့နှစ်ယောက်ကိုတွေ့နေရသည်လဲ ။

'ကျွန်မကရော ဘာကြောင့် ဘာကြောင့်.... '

ကိုယ့်ကိုကိုယ်ပြန်ကြည့်သော်လည်းမတွေ့ရချေ။
ဦးခေါင်းအား ငုံ့၍မရရန်တစ်ခုခုကဆွဲမော့ထားသည်။
လည်ပင်းတွင်လည်း တစ်ခုခုရှိနေသည်ဟုထင်ရသည်။
ဟေသာတစ်ယောက်တည်းအနားသို့လျှောက်လာပြီး
စမ်းရည်သည် ထိုင်ကာကြည့်နေလေတော့သည်။

အကို (Completed)Where stories live. Discover now