"ဘာလေးလဲဟင် ဒေါက်တာ....."
ကုတင်ပေါ်လှဲနေရာမှ ရှေ့မှမြင်နေရသည့် ကွန်ပြူတာစခရင်ကြီးကိုကြည့်လျက် အာထရာဆောင်းဆရာဝန်ကို ဝမ်း ကိုယ်တိုင်မေးလိုက်ပါသည်။ အကို့ ကိုကြည့်မိတော့ ဆရာဝန်ပြသည့် ကွန်ပြူတာထဲမှလှုပ်ရှားနေသည့် ကလေးလေးကိုငေးကာကြည့်နေသည်က ချစ်မေတ္တာအပြည့်ပျော်မဆုံးမျက်ဝန်းတို့ဖြင့်ပင်။
"ယောကျာ်းလေးပါ......"
"ယောကျာ်းလေး....."
ဗိုက်ကိုပြန်ဖုံးပေးကာ ဆရာဝန်က ထိုင်နေရာမှ သက်တောင့်သက်သာနေ၍ရပြီပြောပြီး လက်ဆေးသည့်နေရာလျှောက်
သွားသည်မို့ အကိုက ဝမ်း အနားအပြေးရောက်လာတော့သည်။"ဖြေးဖြေးထ ဝမ်းလေး....."
တွဲကူပေးကာ အာထရာဆောင်းရိုက်သည့်နေရာမှ ဗိုက်အပ်ထားသည့်ဒေါက်တာလမင်းရှိရာသို့သွားရသည်။ ပထမဗိုက်နှင့်မတူတော့ ယခုတခါကတော်တော့်ကိုပူကာဆူထွက်နေလေသည်မို့ အမြွာလေးပဲထင်ေသာ်လည်း သားလေးတစ်ယောက်တည်းဟုသာသိရသည်။ ဗိုက်ကလည်းမပူနိုင်ရိုးလား။ အကိုတစ်ယောက်တစ်နေ့ကို ငှက်ပျောသီးဖီးချမ်းဆိုသည့်အမျိုးအစားကို တစ်နေ့အလုံး၂၀လောက်ကျွေးနေသလို ဝမ်းလည်း အရမ်းကြိုက်သည်။ အိုဗာတင်းနဲ့မိုင်လိုကတော့ တစ်နေ့၆ခွက်မကသောက်နေရသည်။
"ကလေးရော ဖေဖေရာ ကျန်းမာပါ့ဗျာ....."
"အကိုလမင်း ဝမ်းရဲ့အခုတစ်ခါဗိုက်ကြီးက မတရားပူနေတယ်.....တခြားဘာရောဂါမှတော့မဟုတ်ပါဘူးနော်....."
"ကလေးရဲ့နှလုံးခုန်နှုန်းနဲ့ပုံမှန်ပဲ ဝမ်းရဲ့ကျန်းမာရေးလက္ခဏာကလည်း ဒေါင်ဒေါင်မြည်ပါပဲ.....
ဘယ်လိုလဲတိမ်ယံ ငြိမ်လှချည်လား......"
"ဝမ်းသာလွန်းနေလို့ ကျွန်တော်ဘာပြောရမှန်းမသိ၊ စကားတောင်ရှာလို့မရတော့လို့ ငြိမ်နေတာပါ....."
အကို့မျက်နှာကြီးပြုံးဖြီးနေကာ ဘာတစ်ခုမှဝင်မပြောပဲ
ဝမ်းကိုသာကြည့်နေသည်။ တကယ့်ကိုပျော်ရွှင်ဝမ်းသာရိပ်တို့ စုပြုံပါဝင်နေသည့် အကို့မျက်နှာချောချောကို ကြည့်လိုက်ကာ နှုတ်ခမ်းစူကာ မွခနဲနဲ့အနမ်းပေးသလို လုပ်ပြလိုက်တော့ အကိုကရယ်နေလေ၏။ ဒေါက်တာကတော့ ဘာတွေကုန်းရေးနေလဲမသိပေ၊ ပဲပင်ပေါက်နှင့် ဒန့်တလွန်သီးပေါင်းစပ်ထားတဲ့ ဒေါက်တာ့လက်ရေးလည်း ဝမ်း တကယ်မဖတ်တတ်ပေ။ ဒေါက်တာလမင်း၏အမျိုးသားဒေါက်တာချစ်ရန်မောင်၏ လက်လေးဆိုပိုဆိုးသည် ပုဂံခေတ်ကျောက်စာရေးထားသလိုပင်။ ဘာဆိုဘာမှနားမလည်ချေ။
YOU ARE READING
အကို (Completed)
Romanceအရာအားလုံးခွင့်လွှတ်တာမို့ ပြန်လာပေးပါ အကို............... ...................................................... အရာအားလုံးခွင့်လွှတ်တာမို့ ပြန်လာပေးပါ အကို...............