Part - 45 (Uni & Zawgyi)

22.9K 1.5K 136
                                    

လှဲနေရာမှ ထထိုင်ကာ မျက်နှာချင်းဆိုင်မှ ဝမ်း ကို တွေတွေလေး ငေးကြည့်နေသူ၏ မျက်ဝန်းတို့မှ နောင်တမျက်ရည်တို့ထင်ပါရဲ့ ပါးပြင်ပေါ်သို့လှိမ့်ခုန်ဆင်းလာတော့သည်။ ငိုတတ်တယ်လား အကို။ ဝမ်း နေရာကို ဝင်ကြည့်၊ ဝင်ခံစားပေးနိုင်ပြီလား။ ဒီအကြောင်းကိုရော အကို သိနေခဲ့သည်လား။ အကယ်၍သိနေခဲ့ပြီဆိုလျှင်လည်း....

"တောင်းပန်ပါတယ်.......ဝမ်း........
ကိုယ့်ကို မထားခဲ့ပါနဲ့......."

ဝမ်း ရဲ့ ရင်ခွင်ငယ်လေးထဲသို့ တိုးဝင်ကာထွေးဖက်လာသည့် အကို။ နာကျင်တတ်ပြီလား.....?

ပြုလုပ်ခဲ့တဲ့အမှားတွေအတွက် အကို့အပေါ်ထားတဲ့ ဝမ်း ရဲ့ ခွင့်လွှတ်ခြင်းတွေကြောင့် နောင်တတွေလဲ ရနေရမယ်။
အဲ့နောင်တကိုပိုက်ပြီး ဘဝတစ်သက်လုံး ဝမ်းတို့သားအဖသုံးယောက်ကို မေတ္တာအပြည့်နဲ့လုံခြုံနွေးထွေးအောင် စောင့်ရှောက်ရမယ်။ သမီးလေးကိုမြင်တိုင်း ဝမ်း အပေါ်ကျူးလွန်ခဲ့တဲ့ အပြစ်တွေ၊ လူမဆန်ခဲ့ခြင်းတရားတွေကို အမြဲသုံးသပ်ပြီး စိတ်မကောင်းဖြစ်နေရမယ်။

သမီးရဲ့ Daddy လို့ တစ်ခါခေါ်တိုင်း အကို့မျက်နှာက
​ဆောက်တည်လို့မရတဲ့ တုန်လှုပ်ခြင်းအပြုံးတွေဟာ အကိုစိုးထွဋ်ရဲ့သမီးလို့ သိနေခဲ့လို့လား....?

သိနေခဲ့ပါလို့ အကို့ရင်တွေနာနေသည်လား....?

အကို့အပေါ် အကောင်းဆုံး ကလဲ့စားချေနိုင်ခဲ့ပြီပဲ
ဒီလောက်ဆိုရင် ခံစားခဲ့ရသမျှ
အကို့အပေါ် ချစ်လျက်နဲ့ နာကျည်းခြင်းတွေကိုပဲ ဤမျှလောက်နဲ့ ကျေနပ်ပေးလိုက်ပါ့မယ်။
တစ်ဘဝလုံး နောင်တတွေပိုက်ထွေးပြီး နာကျင်နေပေးပါ။
အကို့ကို ဝမ်းက ပိုချစ်ပေးပါ့မယ်။

"အကို့ကို ချစ်လို့တောင်မဝတာ ဘာလို့ထားခဲ့ရမှာလဲ....."

"ဝမ်း ဘယ်လိုသိသွားတာလဲ..... အန်ကယ်လ်လုံ က ဝမ်းကိုအသိမပေးဘူးတဲ့လေ....."

"အထက်လမ်းဆရာပြောတာပဲ.... အကိုစိုးထွဋ်ကလဲ သူအန်ကယ်လ်လေးဆီဝင်ပြီးပြောပြသွားတာ သူ့သမီးတဲ့လေ....ဒါကြောင့် အမှန်တရားကို အန်ကယ်လ်လုံကို မေးလိုက်တာ......"

အကို (Completed)Where stories live. Discover now