❤ ကိုကို့ရဲ့ကလေးငယ် ၅❤

93.2K 11.6K 577
                                    

မနက် 9 နာရီ ။

အိစက်နေတဲ့မွေ့ယာနဲ့ကျောပြင်ထိစက်မှု့က ခါတိုင်းနဲ့မတူပဲ သက်တောင့်သက်သာရှိနေသည် ။ ဒါ့အပြင် ခါတိုင်းနဲ့မတူပဲ တစ်ခုခုက တင်းကျပ်စွာဖတ်ထားသလိုခံစားမှု့ အဲ မဟုတ်ဘူး အဲ့တစ်ခုခုကို ဂျူးဂျူး က ဖက်ထားတာ ။

ဂျူးဂျူး မျက်လုံးမဖွင့်သေးပဲ အိပ်ချင်မူးတူးနဲ့ ဦးနှောက်ကိုအလုပ်ပေးနေသည် ။

*ဂျူး အခန်းထဲက ဝတ်ဝံရုပ်ကြီးက စာရေးစားပွဲမှာမလား .. ဘာလို့ အိပ်ရာပေါ်ရောက်နေတာလဲသိဘူး .. ဘာပဲဖြစ်ဖြစ် ဒီလိုလေးဖက်အိပ်ရတာနွေးလိုက်တာ .. *

ဂျုးဂျူး သည် သူဖက်ထားတဲ့အရာကို သူ့အခန်းထဲက အရုပ်ကြီးအထင်နဲ့ပြုံးကာပင် ပိုတိုးလို့ဖက်လိုက်ပြီး တိုးဝင်လိုက်သေးသည် ။

ဂျူးဂျူး သည် ခါးမှာဖက်ထားတဲ့လက်တွေက ရင်ဘတ်အမည်ရှိတစ်နေရာကို ပွတ်ကြည့်လိုက်တော့ ။

*အင် အမွေးတွေကမျှင်မျှင်လေးတွေ ခဏ ငါဘယ်ရောက်နေတာလဲ *

ထိုအဲ့ခါမှ ဂျူးဂျူးသည် မျက်လုံးဇတ်ခနဲဖွင့်ကြည့်လိုက်တော့ သူရောက်နေတာက တစ်စုံတစ်ယောက်ရဲ့ရင်ခွင်ထဲမှာဆိုတာသိသွားသည် ။

ဂျူးဂျူး သည် မနေ့ညကအကြောင်းပြန်တွေးကြည့်လိုက်တော့ အံသြလွန်းလို့အသံပင်မထွက်နိုင်အောင်ဖြစ်သွားသည် ။

ဂျူးဂျူး သည် ကြောက်လန့်တကြား ထိုရင်ခွင်ထဲကနေအမြန်ရုန်းကာထလိုက်တော့ .. ဂျူးဂျူး ကို ဖက်ထားတဲ့လက်ပိုင်ရှင်သည် ပြန်ဆွဲချကာ သူရင်ခွင်ထဲပြန်သွင်းလိုက်ပြီး .... ။

" ငယ်လေး ငြိမ်ငြိမ်နေကွာ .. ကိုယ်အိပ်ရေးမဝသေးဘူး"

ဂျူးဂျူး သည် အိပ်မောကျနေတဲ့ လူကြီးကိုကြည့်လိုက်တော့ တကယ်ကိုနှစ်နှစ်ခြိုက်ခြိုက်အိပ်မောကြနေတာကြောင့် ... ထိုလူကြီးပြောသလို ငြိမ်ငြိမ်လေးနေပေးမိသည် ။

*ဟမ် မဟုတ်သေးဘူးလေ .. ဂျူး ကဘာလို့ငြိမ်ငြိမ်လေးနေရမှာလဲ ဂျူးအိမ်ပြန်ရမယ်လေ .. *

ဂျူးဂျူး သည် သူ့အတွေးတွေနဲ့ရှုတ်နေပေမယ့် ဇိုင်းသုတ က ငြိမ်ငြိမ်နေဆိုတဲ့စကားကိုနာခံစွာ မလှုပ်တော့မလှုပ်ရဲ ။

ကိုကိုရဲ့ကလေးငယ် S2 [ Completed ]Where stories live. Discover now