❤ ကိုကိုရဲ့ကလေးငယ် ၃၃ ❤🚨

112K 6.1K 313
                                    

ဟိုတယ်ရောက်တော့ ဇိုင်းတို့ကိုအဆင်သင့်ထွက်စောင့်ကြိုနေတဲ့ ရန်နိုင် နဲ့ မင်းခ က အရင်ဆုံးစောပြီးပြန်လာပုံရသည် ။

ဇိုင်း ကားရပ်လိုက်သည်နှင့် ကလေးငယ်က ကားတံခါးကို ဇိုင်း ဖွင့်ပေးတာတောင်မစောင့်တော့ပဲသူကိုယ်တိုင်ဖွင့်ကာဆင်းသွားသည် ။

လက်သီးကိုကျစ်ကျစ်ဆုတ်ကာ နှုတ်ခမ်းစေ့ထားတဲ့ ဇိုင်း ဟာ ဘယ်လောက်ခံပြင်းနေလဲဆိုတာ ဘေးလူတွေပင်သိနေရော့မည် ... ။
ရန်နိုင် နဲ့ မင်းခ က အခြေနေမကောင်းတဲ့ သူတို့ Boss အတွဲကိုကြည့်ကာ တစ်ယောက်နဲ့တစ်ယောက်လက်တို့ကာ အရိပ်ချေပြသည် ။

ကားပေါ်ကအရင်ဆုံးဆင်းလာတဲ့ ဂျူးလေး ရဲ့ နောက်ကိုအပြေးလိုက်လာတဲ့ ဇိုင်း အနားသို့ မင်းခ ဦးစွာရောက်လာသည် ။

" Boss ... ညစာက "

" မစားတော့ဘူး လိုရင်ပြောမယ် ... ရော့ "

ဇိုင်း ထိုသို့ပြောကာ မင်းခ ကို ကားသော့ပြစ်ပေးပြီး ရှေ့ကလျှောက်နေတဲ့ကလေးငယ်ဆီခြေလှမ်းကျဲကြီးတွေနဲ့လျှောက်သွားပြီး လက်ကိုလှမ်းဆွဲကာ ...... ။

" ငယ် ကိုယ့်ကိုစိတ်ဆိုးနေတာလား ... "

မျက်လုံးဝင့်ကာကြည့်လာတဲ့ကလေးငယ်က ဇိုင်းအတွက်ပြောစရာစကားရှာနေပုံပဲ ။

" မဆိုးပါဘူး .. "

" ကျစ် !! မဟုတ်သေးပါဘူးကွာ "

ကလေးငယ်ကလှုပ်စိလှုပ်စိ ဇိုင်း ကလဲ ဘဝတစ်လျှောက်လုံး ဘယ်သူ့ကိုမှ စိတ်မရှည်ခဲ့ပုံနဲ့တော့တွေ့နေပြီ ။

" ဟုတ်ပြီ ... အရင်ဆုံး အခန်းဆီပြန်ရအောင် ပြီးမှ ကိုယ်တို့ညှိနှိုင်းကြမယ်နော် "

" ....... "

အခုဇိုင်း တို့စကားပြောနေသည့်နေရာသည် Hotel ရဲ့ လူသွားလာလျှောက်လမ်းမို့ Hotel မှာ တည်းတဲ့လူတစ်ချို့က ဇိုင်း နဲ့ ကလေးငယ် ကို ထူးဆန်းသလိုကြည့်နေကြသည် ။

ပုံမှန်အားဖြင့် ဝိုင်းကြည့်နေတဲ့လူတစ်ချို့ရဲ့အကြည့်တွေက ခက်ထန်တဲ့မျက်နှာထားနဲ့ဇိုင်းဆီမှာထက် ချစ်စရာကောင်းလွန်းနေတဲ့ ဒီကလေးလေးဆီမှာဆိုပိုမှန်မည်။
.
.
.
အခန်းဆီရောက်သည်နှင့် ဂျူးလေး အပေါ်ကုတ်အင်္ကျီကိုချွတ်ကာ ချိတ်တန်းပေါ်တင်ပြီး မွေ့ယာပေါ်တတ်ကာ စောင်ထဲဝင်ခွေရန်ပြင်နေပြန်သည် ။

ကိုကိုရဲ့ကလေးငယ် S2 [ Completed ]Onde histórias criam vida. Descubra agora