ဒီနေ့မနက်ခင်းတစ်ခုမှာလဲ ဂျူးလေး အရင်ဆုံးနိုးလာခဲ့တယ် .. ။ မနေ့ကတစ်နေ့လုံး ဂျူးလေး သည် ကိုကိုကြီးပျောက်သွားမှာစိုးတဲ့စိတ်နဲ့ အနားကတစ်ဖဝါးမှမခွာပဲ ကိုကိုကြီးဘေးမှာ 24 နာရီလုံးကပ်တွယ်နေမိတာကြောင့် ကိုကိုကြီးက ဂျူးလေး ကို စိတ်ပျက်သွားမလားလို့ စိုးရိမ်ခဲ့မိသည် ။
သို့ပေမယ့် ကပ်တွယ်နေတဲ့ ဂျူးလေး ထက် ပျော်ရွင်နေပုံပေါက်တဲ့ ကိုကိုကြီး သည် ဂျူးလေးကိုတစ်ချက်မငြိုငြင်ပဲသူ့အလုပ်တွေကိုဘေးဖယ်ကာ တစ်ရက်လုံးပွေ့ချီကာထားရင်း ဂျူးလေးနဲ့ပျော်ရွင်စွာစကားတွေပြောကြသည် ။
ဂျူးလေး ကိုယ်တိုင်လဲ ကိုကိုကြီးအနားနေရသည်ကိုဘယ်လောက်တောင်ပျော်ရွင်နေမိမှန်းမသိ .. နောက်ဆုံး ကိုကိုကြီး ပွေ့ချီလျှက်ပင်အိပ်ပျော်သွားပုံရသည် ။
ဂျုးလေးအနားကထွက်မသွားနဲ့ ဆိုတဲ့စကားကို အသိစိတ်မှာရာ မသိစိတ်ထဲကပါ နားထောင်တတ်တဲ့ ကိုကိုကြီးဟာ အခုလိုအိပ်မောကျနေတဲ့အချိန်မှာတောင် ဂျူးလေး ခြေထောက်တွေကိုသူ့ပေါင်လုံးကြားထဲခွထားကာ ခါးကိုတင်းကြပ်စွာဖက်ထားပြီး အိပ်ပျော်နေတော့သည် ။
ဂျူးလေးအတွက်တော့ ဘယ်လောက်ပဲသာယာလှပတဲ့နေ့ရက်တွေရှိနေပါစေ ကိုကိုကြီး ရှိနေတဲ့အချိန်လောက်ပျော်ရွင်စရာမကောင်းသည်မှာအမှန်ပင်
အိပ်မောကျနေတဲ့ကိုကိုကြီး ကို အနမ်းသူခိုးလေးလုပ်ကာ နှုတ်ခမ်းထူးထူးဆီအနမ်းတိုခြွေယူပြီးသည်နှင့် ခါးမှတင်းကြပ်စွာ ဖက်ထားတဲ့လက်တွေကိုအသာလေးဖယ်ကာ ခြေထောက်တွေကိုထုတ်ရင်း ကုတင်ပေါ်ကအသာလေးဆင်လာရသည် ။
အမြဲတမ်း ကိုကိုကြီးကပဲဂျူးလေးအတွက်အစစအရာရာလုပ်ပေးနေတာမို့ ဒီနေ့မနက်စာအတွက် ကိုကိုကြီး ဂျူးလေး ကိုယ်တိုင်လုပ်ကျွေးချင်သည် ။
မနေ့ညကအစောကြီးအိပ်ပျော်သွားတဲ့ ဂျူးလေး က ဒီနေ့မနက်နိုးလာတော့အတော်ပင်စောနေသေးသည် ။
* ဒီအချိန်ဆို ကြီးမေ တို့ မနက်စာပြင်နေတော့မှာ ငါအမြန်သွားမှ *
ဂျူးလေး မျက်နှာသစ် ခြေလက်သန့်စင်ပြီးသည်နှင့် အောက်ထပ်ကိုအမြန်ဆင်းလာတော့သည် ။
ESTÁS LEYENDO
ကိုကိုရဲ့ကလေးငယ် S2 [ Completed ]
Romance#May - 25 - 2020 #Moewathan #Art by Maythitsar🌹 ယခုဇာတ်လမ်းတွင်ပါဝင်သော အကြောင်းအရာများနှင့် ဇာတ်လမ်း ဇာတ်ကွက်များဟာ စာရေးသူ၏စိတ်ကူးယဥ်ဇာတ်လမ်းတစ်ခုသာဖြစ်သည်။