❤ ကိုကိုရဲ့ကလေးငယ် ၉ ❤

91.5K 7.9K 560
                                    

မနက် ၄ နာရီ

ဂျူးလေး သည် မနက်ကျရင်ကျောင်းသွားရတော့မှာမို့ စိတ်လှုပ်ရှားကာအစောကြီးနိုးလာခဲ့သည် ... ။

ဂျူးလေး စိတ်ထဲမှာမိုးလင်းနေပြီထင်နေတာ အပြင်ကိုလှမ်းကြည့်လိုက်တော့ အမှောင်ရိပ်တောင်မပြယ်သေး နေပင်မထွက်သေးတာကြောင့် အစောကြီးရှိသေးတယ်ဆိုတာ သိသွားသည် ။

လှုပ်စိလှုပ်စိနဲ့ မျက်လုံးကိုလက်ခုံလေးနဲ့ပွတ်ကာ အိပ်ရာနိုးနေတဲ့ ဂျူးလေး ကြောင့် ဇိုင်း ပါ နိုးလာခဲ့သည် ။
ဇိုင်းသည် ဂျူးလေး မျက်စိပွတ်နေတဲ့လက်ခုံလေးကိုဆွဲယူကာရပ်တန့်စေပြီး ။

" မျက်စိတွေနာကုန်မယ်လေ အရမ်းမပွတ်ရဘူး .. အစောကြီးရှိသေးတယ် ပြန်အိပ်လေ ငယ် "

" အိပ်လို့မပျော်တော့ဘူး ... "

အိပ်ရာထကာစမို့ အသံအက်အက်လေးတွေနဲ့ပြောလာတဲ့ကလေးလေး ။

ဇိုင်း သည် ပက်လက်အနေအထားနဲ့အိပ်နေတဲ့ဂျူးလေး ကို အသာလေးလက်မောင်းကနေဆွဲဖက်ပြီး သူ့ရင်ခွင်ထဲသွင်းကာ ။

" ဒီတိုင်းမျက်လုံးပြန်မှိတ်ထားလိုက် အိပ်ပျော်သွားလိမ့်မယ် .. စိတ်ချလက်ချအိပ် မနက်ကျောင်းသွားဖို့ ကိုယ်နှိုးမယ် "

" ဟုတ် ကိုကိုကြီး "

ပြောပြီးသည်နှင့် ဂျူးလေး သည် မျက်လုံးစင်းကာ ခဏကြာတော့ ဇိုင်း ရင်ခွင်ထဲမှာအသက်ရှုမှန်မှန်လေးနဲ့ပြန်အိပ်ပျော်သွားတဲ့ ကလေးလေး ကို ဇိုင်း မြတ်နိုးစွာ တစ်ချက်နမ်းပြီး သူပါ ပြန်အိပ်ပျော်သွားသည် ။

မနက် ဇိုင်း အိပ်ရာနိုးသည်နှင့် အရင်ဆုံးသူအရင်ရေချိုးကာပြီးသည်နှင့် ကလေးငယ် အတွက်ပါ ရေပူရေအေးစပ်ပေးထားလိုက်သည် ... ။

ပြီးသည်နှင့် အိပ်ပျော်နေတဲ့ကလေးငယ် ကို နှိုးကာရေချိုးခိုင်းပြီး .. ကလေးငယ်အတွက်ကျောင်းဝတ်စုံလေးကိုသူကိုယ်တိုင်ထုတ်ပေးပြီး ဝတ်ပေးသည် ... ။

ဇိုင်း သည် ဂျူးလေးအတွက်ကိုယ်တိုင်မလုပ်ပေးသည်မှာရေချိုးတာတစ်ခုတည်းပင်ရှိတော့သည် ... အဝတ်စားတွေဆိုလဲ သူကိုယ်တိုင်လဲပေးရမှာကျေနပ်တတ်သည် ။ ထိုသို့ဝတ်ပေးသည်ကိုမကျေနပ်တဲ့ကလေးငယ် ဟာ ဘယ်လိုပဲရုန်းကန်ပဲငြင်းနေပါစေ ဇိုင်း ကတော့ လုပ်နေကြအလုပ်တစ်ခုလိုမို့ အခုတော့ ထိုကလေးငယ် နေသားကျသွားသည် ။

ကိုကိုရဲ့ကလေးငယ် S2 [ Completed ]Donde viven las historias. Descúbrelo ahora