❤ ကိုကိုရဲ့ကလေးငယ် ၂၂ ❤

108K 7.4K 1K
                                    

ချစ်ရသူရဲ့ ခန္ဓာကိုယ်လေးကိုထွေးပွေ့ပြီးနိုးလာရတဲ့မနက်ခင်းတိုင်းဟာ အလှပဆုံးဆိုပေမယ့် ... ကိုယ်ချစ်ရသူရဲ့မျက်နှာပေါ်ကခြောက်သွေ့နေတဲ့မျက်ရည်စတွေကိုတွေ့နေရတာလောက်ပူလောင်တာမရှိဘူးမဟုတ်လား ။

အဲ့လိုပဲ အပြင်ဘက်မှာနေရောင်ခြည်အနွေးဓာတ်နုနုနဲ့ ကျေးငှက်သံအပြင် ငှက်ကလေးတွေရဲ့ချစ်စရာကောင်းတဲ့အသံမျိုးဖြစ်တည်နေမယ်ဆိုတာသိပေမယ့် ... အခုချိန်မှာ ဇိုင်း အတွက်တော့ ရင်ခွင်ထဲက အိပ်မောကျနေတဲ့ချစ်ရသူမျက်နှာဟာ ထိုအလှပတွေကို မခံစားနိုင်လောက်အောင် ပူလောင်နေသည် ။

မနေ့ညက ဇိုင်း ဘဝမှာ မကြားချင်ဆုံးစကား .. သွေးပျက်စရာကောင်းတဲ့စကားကို ကလေးလေးဆီက ကြားလိုက်ရတဲ့တခဏမှာ ဇိုင်း ရဲ့ ထိတ်လန့်စရာခြိမ်းခြောက်မှု့ကြား ထိုကလေးလေး ပင်ပန်းကာအိပ်ပျော်သွားတော့သည် ။

ဇိုင်း သည် မနေ့က ရုံးကပြန်လာတဲ့အဝတ်စားတောင် မလဲရေသးပဲ ကလေးငယ် ကိုနှစ်သိမ့်ကာဖက်အိပ်ပျော်ခဲ့ပြီး ဒီမနက်တော့ အစောကြီး နိုးလာခဲ့သည် ။

ညကငိုထားတဲ့အရှိန်ကြောင့် ဒီမနက်ထိမျက်ခွံလေးတွေမို့အစ်ကာနီရဲနေတဲ့ကလေးငယ် ဟာ ဇိုင်း မျက်လုံးထဲမှာတော့ တန်ဖိုးအရှိဆုံးသက်ရှိအရုပ်ကလေးပင် ။

အိပ်ပျော်နေတဲ့ကလေးငယ် မနိုးစေရန် နှဖူးလေးကိုကြင်နာစွာနမ်းရှိုက်ပြီး ဇိုင်း အိပ်ယာထက်မှ အသာထကာ အပေါ်ထပ်မှာရှိတဲ့ ဧည့်ခန်းသို့ထွက်လာခဲ့သည် ။

ဧည့်ခန်းရောက်သည်နှင့် ရန်နိုင် ရောက်နေနှင့်ပြီ ။

အေးစက်တဲ့မျက်နှာထားနဲ့ကြောက်စရာကောင်းတဲ့မျက်လုံးတွေက ဇိုင်း ဘယ်လောက်ဒေါသထွက်နေသည်ကိုဖော်ပြနေသည် ။ တိတ်ဆိတ်တဲ့အခန်းတွင်းထဲမှာ ဇိုင်း ရဲ့ အန္တရယ်ရှိတဲ့အငွေ့အသက်တွေက လွှမ်းမိုးနေသည် ။

ရန်နိုင် သည် ဇိုင်း ရဲ့ လည်ပင်းက ဓားရာကိုမြင်သည်နှင့်ချက်ချင်း အံဆွဲတစ်နေရာက ဆေးသေတ္တာကိုယူကာ စားပွဲပေါ်တင်ပေးလိုက်သည် ။

" ကျွန်တော်ဆေးထည့်ပေးရမလား Boss "

" မလိုဘူး ... မနေ့ကအကြောင်းပြော .. "

ကိုကိုရဲ့ကလေးငယ် S2 [ Completed ]Donde viven las historias. Descúbrelo ahora