❤ ကိုကိုရဲ့ကလေးငယ် ၃၅ ❤🚨

98.2K 6.2K 796
                                    

" ငါတောင်မထိရက်တဲ့ ငါ့ချစ်သူကို မင်းလိုကောင်မမျိုးကဘာမို့လို့ ရိုက်ရဲတာလဲဟမ် !! "

ဇိုင်း ရိုက်ချက်ကြောင့်ပုံရက်သားလဲကျသွားတဲ့ သူမ ကို ဒေါသထွက်နေတဲ့အသံနဲ့ပြောလိုက်တဲ့ ဇိုင်း ကြောင့် ထိုခန်းမအတွင်းရှိသမျှလူအားလုံးက အံသြတကြီးစွံအစွာရပ်ကြည့်နေမိတော့သည် ။

အရက်ကရားနဲ့မျက်နှာကိုပက်ခံလိုက်ရသည့်တိုင် များလွန်းတဲ့အရက်ခွက်ကြောင့် သူမတစ်ကိုယ်လုံးအရက်အိုးလိုက်မှောက်ကျထားသလို ရွဲရွဲစိုနေတော့သည် ။

ဇိုင်း သူမကိုထိုသို့ပြောရင်းပင် ကလေးငယ်ပါးပြင်ပေါ်ကိုအုပ်ကိုင်ကာ ပါးပြင်ပေါ်ကရေတွေကိုသပ်ချပေးရင်း စိုးရိမ်ကြီးနေမိသည် ။

" ငယ် အရမ်းနာသွားလား .. တောက် ! ဟာကွာ !! "

ဂျူးလေး ပါးပေါ်က သူမရိုက်ထားလို့နီရဲတတ်လာတဲ့လက်ရာကိုကြည့်ပြီး ဇိုင်း ရင်ထဲမှာပူလောင်ကာ အံကိုကြိတ်ပြီး မျက်နှာပေါ်မှာလူသတ်ငွေ့တွေပြည့်နက်နေတော့သည် ။

ဇိုင်း အကြောင်းသိတဲ့ ဂျူးလေး သည် ချက်ချင်းပင် သူ့ပါးပြင်ပေါ်အုပ်ကိုင်ထားတဲ့ ဇိုင်း လက်တွေကိုပြန်ကိုင်ကာ ... ။

" ရတယ် ငယ် ဘာမှမဖြစ်ဘူး .. ကိုကိုကြီးစိတ်လျှော့နော် ဒေါသမထွက်နဲ့ "

" ဘာကို ဘာမှမဖြစ်ရမှာလဲငယ် ! ဒီမှာကြည့်မှာဦး ငယ့် ပါးမှာ "

မျက်မှောင်ကျုံ့ကာလက်သီးကိုကျစ်ကျစ်ဆုတ်ထားရင်း ပေါက်ကွဲနေတဲ့ ဇိုင်း ကြောင့် ဘာမှဆက်မဖြစ်စေဖို့သာ ဂျူးလေး ဆုတောင်းနေရသည် ။

ထိုင်ရက်သားလဲကျနေတဲ့သူမ က ချက်ချင်းထလာတော့ ဇိုင်း ရဲ့ လူသတ်ငွေ့ပြည့်နေတဲ့အကြည့်တွေက သူမဆီပြန်ရောက်သွားသည် ။

" ကျစ် မင်းသောက်ချိုးမပြေလို့ ငါ့လက်နဲ့မိန်းကလေးတစ်ယောက်ကိုရိုက်တာ baby က တွေ့သွားပြီ .. မင်းကတကယ်ချီးထုတ်ပဲ "

" ရှင် .... ရှင် ... တော်တော်အောက်တန်းကျတဲ့ယောက်ကျားပါလား .. မိန်းမတစ်ယောက်အပေါ်လက်တင်တဲ့ရှင့်လိုလူကတကယ့်အဆင့်တန်းမရှိတဲ့လူပဲ !! "

ကိုကိုရဲ့ကလေးငယ် S2 [ Completed ]Hikayelerin yaşadığı yer. Şimdi keşfedin