❤ ကိုကိုရဲ့ကလေးငယ် ၇ ❤

98.6K 8.2K 532
                                    

ဒီလိုနဲ့ တစ်ရက် နှစ်ရက် သုံးရက် ရက်တွေသာကုန်လာတယ် ငယ်လေး ဟာ ဇိုင်း ကို လုံးဝစကားမပြောတော့ဘူး ... ။

ပထမဦးဆုံးနေ့ကကိစ္စပြီးထဲက ငယ်လေး က အိမ်ပြန်ဖို့နောက်ထပ်မပြောတော့ပေမယ့် .. ပို၍တိတ်ဆိတ်သွားသည်လို့တောင်ထင်သည် ။

မနက်ပိုင်း မနက်စာစားချိန်မှာ တထွာလောက်သာမကွာတဲ့ ခုံမှာအတူတူစားနေပေမယ့် ဂျူးလေး ရဲ့ အကြည့်တစ်ချက်တောင် ဇိုင်း မရခဲ့ ။

နေ့လည်နေ့ခင်း အခန်းထဲမှာချည်းပျင်းနေမှာစိုးလို့ အပြင်ထွက်လမ်းလျှောက်ဖို့ခေါ်တော့လဲ ဇိုင်း မျက်နှာကိုတစ်ချက်တောင်မကြည့်ပဲ လိုက်ပါလာတဲ့ ဂျူးလေး ဟာ စိတ်မပါမှန်းသိသားသည် ။

ဇိုင်း သည် ဂျူးဂျူးလေး နဲ့ ပို၍ရင်းနှီးမှု့ရချင်တာကြောင့် ဂျူးဂျူးလေး အတွက်အခန်းခွဲမပေးတော့ပဲ သူနဲ့အတူအိပ်စေသည် ။

သို့ပေမယ့် ညဘက်ဇိုင်းကုတင်ပေါ်တတ်လာသည်နှင့် သိသိသာသာထောင့်ကပ်သွားတဲ့ ဂျူးလေး ဟာ ဇိုင်း တော်တော်လေးစိတ်ဆိုးနေပုံပင် ....။

ကလေးလေးက ဇိုင်း သူ့အနားကပ်မှာစိုးလို့ထောင့်ကပ်သွားပေမယ့် ဇိုင်းကတော့ ကလေးလေး ကို ရင်ခွင်ထဲရောက်အောင်ဆွဲသွင်းဖက်ထားရင်းသာအိပ်တတ်သည် ။

ရင်ခွင်ထဲက ကလေးလေး က ရုန်းကန်ပြီး လွတ်ပေးဖို့ပြောနေရင်တောင် ထိုစကားတွေကိုမသိချင်ယောင်ဆောင်ထားပြီးကို ဖက်အိပ်သည် ။

တစ်ခါတရန် ဂျူးလေး တစ်ယောက်တည်းအခန်းထဲမှာရှိနေတဲ့အချိန်တွေဆို ပြတင်းပေါက်ကိုငေးပြီး အတွေးလွန်ပြီး ငိုနေတဲ့ ဂျူးဂျူးလေး ကို ကြည့်ကာ ဇိုင်း တကယ်ကို စိတ်မချမ်းသာလှပါ ။

သို့ပေမယ့် ဇိုင်း ကတော့ ကလေးလေး အပေါ်မှာ ဝတ္တရားမပျက်ဂရုစိုက်မှု့တွေပေးနေတုန်းပဲ ... ။

ညအိပ်တဲ့အချိန်မှာ ကလေးလေး ကို သူမကြည်ဖြူမှန်းသိရဲ့နဲ့ပင် ရင်ခွင်ထဲသွင်းကာ ဖက်အိပ်ပြီး .... မနက်ခင်းတိုင်းမှာ ကလေးလေး အိပ်ရာနှိုးပြီးမနက်စာအတူတူစားတုန်းပဲ ....

ဒီကလေးလေး စိတ်ဆိုးနေမှန်းသိရဲ့နဲ့ နေ့ခင်းနေ့လည်ခြံထဲမှာ အတူတူလမ်းလျှောက်ထွက်နေဆဲပဲ ...

ကိုကိုရဲ့ကလေးငယ် S2 [ Completed ]Opowieści tętniące życiem. Odkryj je teraz