❤ Extra - 2 ❤ END

87.7K 5.8K 331
                                    

Unicode....

အခန်းထဲမှာရှိနေတဲ့ ခုံတန်းအရှည်ကြီးမှာ ရှိနေတဲ့ လူကြီးလူကောင်းတွေအများကြီးနှင့် ထိပ်ဆုံးမှာ Projector Screen နှင့် အလုပ်လုပ်နေသော ကိုကိုကြီး ... ။

* ဂျူးရေ နင်တော့သေပီ *

တံထွေးမြိုချပြီး မချိပြုံးလေး ပြုံးကာ ဇိုင်း ဆီကို ကူရာမဲ့တောင်းပန်သလိုလေး လှမ်းကြည့်မိလိုက်သည် ။ သို့သော် ဇိုင်း ကတော့ သူ့အချစ်ကလေးရဲ့အသည်းယားစရာကောင်းတဲ့ပုံစံလေးကို သဘောကျလျှက်ပြုံးကာ အနားကိုလျှောက်လာတယ် ။

" ကိုယ်ခဏနေရင်ထွက်လာခဲ့မယ် ရုံးခန်းထဲမှာစောင့်နေနော် ကလေးလေး .. "

" ဟုတ် ဟုတ်ကဲ့ .. တောင်း တောင်းပန်ပါတယ် "

စိတ်လှုပ်ရှားပြီး စကားတွေပင် ထစ်နေတဲ့ ကလေးငယ်ကို စိတ်ဖြေလျှော့စေရန် .. ဇိုင်း ပြုံး၍ပင် ခေါင်းနောက်ကကိုင်ပြီး နှာဖူးလေးတစ်ချက်နမ်းကာ ... ။

" ဘာမှတောင်းပန်စရာမလိုဘူး .. အရမ်းစိတ်ထဲထားမနေနဲ့ .. ကိုယ့်ရုံးခန်းထဲကပဲစောင့်နေ "

" ဟုတ် ကိုကိုကြီး "

ပြောပြီးတာနဲ့ ဂျူးလေး လဲ အခန်းထဲကထွက်ကာပြေးတော့သည် .. လမ်းမှာတွေ့တဲ့ ရန်နိုင် ကိုတောင် မမြင်တော့ပေ ။

ရန်နိုင် က ဇိုင်း ရှာခိုင်းတဲ့ ဖိုင် ကိုကိုင်ပြီး အခန်းထဲဝင်လာတော့ အခန်းပေါက်ဝမှာ ဇိုင်း က ရပ်တတ်ရပ်နေတုန်း ။

" Boss အကိုလေး က ... "

" အင်း .. ရှက်သွားတာနေမယ် .. "

နှုတ်ခမ်းတစ်ဖက်တွန့်ကာပြုံးလိုက်တဲ့ ဇိုင်း ကိုကြည့်ကာ Meeting ခန်းထဲရှိ ရှယ်ယာရှင်တွေအပြင် K ဆိုတဲ့သူမ ပါ မင်သက်သွားသည် ။

၃ နာရီနီးပါး Meeting ခန်းထဲမှာရှိနေတဲ့တလျှောက် အပြုံးမဆိုသာနှင့် ခပ်ဖျော့ဖျော့ မျက်နှာပုံစံတောင်မပြပဲ တင်းမာတဲ့မျက်နှာမျိုးနဲ့ လုပ်ငန်းအကွက်စေ့ ပြောသွားတဲ့ ဇိုင်းသုတ ဟာ သူ့ခင်ပွန်းလေးရှေ့မှာတော့ နူးညံ့လိုက်ပုံများ ယုံတောင်မယုံကြည်နိုင်ပေ ။

အဖေဖြစ်သူဦးဇိုင်း လဲ ထိုနည်း၎င်းပဲ တကယ်ပိုမျိုးရိုးလိုက်တယ်ထင်ပါတယ် ။

ကိုကိုရဲ့ကလေးငယ် S2 [ Completed ]Where stories live. Discover now