❤ ကိုကိုရဲ့ကလေးငယ် ၂ ❤

95.1K 6.7K 570
                                    

Zawgyi..... ။

မြန်မာနိုင်ငံ ရဲ့တစ်နေရာ ။

လူချမ်းသာတွေသာနေထိုင်တဲ့ရပ်ကွက်တစ်ခုမှာ ကြီးကျယ်ချမ်းသာတဲ့ တိုက်အိမ်ကြီးရဲ့ တချိန်က အရှင်သခင်လေးဖြစ်တဲ့ အသက် 16 ဂျူးဂျူးမောင် ဟာ အခုချိန်မှာတော့ ထိုအိမ်ရဲ့အရှင်သခင်ဟာ မိထွေးဖြစ်သူနဲ့ သူ့သား နဲ့ သမီး ပင် ။

ဒေါက် ~ ဒေါက် ~ဒေါက် !!

M " ဟဲ့ ဂျူးဂျူး နင်မထသေးဘူးလား .. အခုချိန်ထိ မထသေးဘူး သေများသွားပြီလားမသိဘူး ... ဂျူးဂျူး နင်ထမှာလား မထဘူးလား "

ဂျူးဂျူး သည် မနက်စောစောစီးစီး အပြင်ကတံခါးခေါက်သံကြောင့် အိပ်မုန်စုံဖွားနဲ့ထလာပြီးအမြန်ပင် တံခါးဖွင့်လာသည် ။

" မေမေ .... "

ဟုတ်ပါတယ် ဒါက ဂျူးဂျူး မိထွေးဒေါ်ယုလွှာ ပါ .... ဂျူးဂျူးမောင်အသက် ၆ နှစ်အရွယ်မှာ မေမေကနှလုံးရောဂါနဲ့ဆုံးသွားခဲ့တယ် ။

မေမေဆုံးပြီး ၁ နှစ်မပြည့်သေး .. ဖေဖေ က သူ့အတွင်းရေးမူးဖြစ်တဲ့ ဒေါ်ယုလွှာနဲ့သားသမီး နှစ်ယောက်ကိုခေါ်ပြီး ဒီအိမ်ရဲ့အရှင်သခင်ဖြစ်စေခဲ့တယ် ။

မွေးကတည်းက ညီအကိုမောင်နှမ မရှိတဲ့ ဂျူးဂျူးမောင် သည် မိခင်ဖြစ်သူဆုံးသွားတဲ့နောက်မှ အထီးကျန်နေတဲ့အချိန် ... သူ့အဖေခေါ်လာတဲ့ ဒေါ်ယုလွှာနဲ့သားသမီး ကြောင့် အဖော်ရပြီးဆိုပြီး ကလေးစိတ်နဲ့မုန်းခြင်း လက်မခံခြင်းမရှိပဲ ပျော်ရွင်နေခဲ့တယ်။

အစပိုင်းမှာတော့ ဂျုးဂျုးမောင် လိုချင်တဲ့မိသားစုဘဝလေးတစ်ခုဖြစ်လာပေမယ့် ဘယ်သူထင်မှာလဲ ဒါတွေက အပေါ်ယံတွေပဲဆိုတာ ... ။

ဒေါ်ယုလွှာ က ဦးမောင်အေးကိုချစ်လို့လက်ထက်ခဲ့တယ်ဆိုတာထက် လက်ရှိဦးမောင်အေးရဲ့ Company နဲ့ စည်းစိမ်တွေအပြင် ဂျူးဂျူးမောင်အမေ ချန်ခဲ့တဲ့အမွေတွေကိုမက်မောလို့ ကပ်ခဲ့တာဆို ပိုမှန်မည် ။

ဂျုးဂျုးမောင်အမေ သည် အသိုင်းဝိုင်းကြီးထဲကသမီးတစ်ယောက်မို့ သူမအမွေတွေမှာ ဂျုးဂျုးမောင်တစ်သက်စားလို့ပင်မကုန် ..။

သို့ပေမယ့် ထိုအမွေအကြောင်းကို ဒေါ်ယုလွှာက ဦးမောင်အေးကို ဘယ်လိုနည်းနဲ့မေးခဲ့ပါစေ အမြဲတမ်းခေါင်းစဉ်ပြောင်းခဲ့တာကြောင့် အဖြေမရခဲ့ ။

ကိုကိုရဲ့ကလေးငယ် S2 [ Completed ]Donde viven las historias. Descúbrelo ahora