❤ ကိုကိုရဲ့ကလေးငယ် ၈ ❤

105K 8.1K 693
                                    

နောက်တစ်နေ့မနက် ။

ဒီနေ့လဲ ဇိုင်း သည် ကလေးငယ် ထက်အရင်နိုးလာတာကြောင့် အိမ်မောကျနေတဲ့ ကလေးငယ် နှဖူးကိုမြတ်နိုးစွာ တစ်ချက်နမ်းရင်း ရေချိုးခန်းထဲဝင်လာခဲ့သည် ။

ဇိုင်း သည် အပေါ်ပိုင်းဗလာနှင့်ရေချိုးခန်းမှာရှိတဲ့ မှန်ပေါ်တွင် ကိုယ့်ကိုယ်ကိုပြန်ကြည့်ရင်းမနေ့ညကအကြောင်းတစ်စုံတစ်ခုပြန်စဉ်းစားနေခဲ့သည် ။

မနေ့ညက ဇိုင်း နည်းနည်းသောက်လာပြီး ကလေးငယ် အိမ်ပျော်နေတယ်အထင်နဲ့သူ့ခံစားချက်တွေထုတ်ပြောခဲ့မိတယ် ..

ဒါပေမယ့် အိပ်ချင်ယောင်ဆောင်နေတဲ့ကလေးငယ်ဟာ ဇိုင်း ကို အရင်လိုခါးသီးစွာတွန်းမလွတ်တော့ပဲ သူ့ကိုပစ်ထားလို့ဆိုကာ ညိုညင်နေသေးသည် ... ဇိုင်း အတွက်တော့ ကလေးငယ် ဆီက ထိုမျှတုန့်ပြန်မှု့ရသည်က တကယ်ပင်ကျေနပ်ပါသည် ။

ဇိုင်း ရေချိုးပြီး Bathrobe အဖြူရောင်ဝတ်ကာ အပြင်ဘက်ပြန်ထွက်လာတော့ မွေ့ယာပေါ်မှာငုတ်တုတ်လေးထိုင်နေတဲ့ကလေးငယ် က ဇိုင်း ကိုလှမ်းကြည့်လာသည် ။

ခါတိုင်းဆို ဇိုင်း ကိုတွေ့သည်နှင့်အကြည့်တစ်ချက်တောင်မသနားပဲချက်ချင်းမျက်နှာလွဲကာ မသိချင်ယောင်ဆောင်တတ်တဲ့ကလေးငယ် က အခုတော့ ဇိုင်း ပုံစံကိုခြေဆုံးခေါင်းဆုံးကြည့်ပြီးကာမှပင် မျက်နှာတစ်ခုလုံးနီရဲကာ မျက်စိလွှဲပီး ဟိုဘက်လှည့်သွားသည် ။

" ငယ် နိုးပြီလား .. ခဏနော် ကိုယ်အဝတ်စားလဲပြီးပြန်ထွက်လာခဲ့မယ် .. "

ဇိုင်း ပြောသည်ကို အင်း မလုပ် အဲ မလုပ်ပဲ ခေါင်းတစ်ချက်ညှိမ့်ပြကာနားထောင်လာသည်မို့ ဇိုင်း မျက်ခုံးတစ်ဖက်ပင့်ကာ အံသြပြီး အဝတ်စားခန်းထဲဝင်သွားသည် ။

ဂျူးလေး သည်လဲ ဇိုင်း ရဲ့ ရေချိုးပြီးခါစပုံစံကိုကြည့်မိ၍ကိုယ့်ကိုယ်ကိုမလုံမလဲဖြစ်ပြီး ရှက်ကာမျက်နှာတင်မဟုတ် နားရွက်ဖျားလေးတွေပါရဲရဲနီနေတော့သည် ။

ခဏအကြာ ဇိုင်း အဝတ်စားအပြည့်လဲပြီးအပြင်ထွက်လာသည် ။

အသက်အရွယ်နှင့်အလိုက်ကျစ်လစ်တဲ့ကြွက်သားမာဆယ်တွေနဲ့ Six pack ဟာ ဝတ်ထားတဲ့အင်္ကျီပေါ်မှာအထင်းသား .. ။

ကိုကိုရဲ့ကလေးငယ် S2 [ Completed ]Où les histoires vivent. Découvrez maintenant