Zawgyi....
နေ့လည်ထမင်းစားကျောင်းဆင်းသည်ထိ ဂျုးလေး ဘေးမှာအိပ်ပျော်နေတဲ့ကျောင်းသားသစ်က နိုးမလာခဲ့ ။
ရွှေစင် သည် သူ့ရဲ့မိန်းကလေးသူငယ်ချင်းတွေကိုနှုတ်ဆက်ပြီး ဂျူးလေး ဘေးကိုရောက်လာသည် ။
" ဂျူးလေး သွားရအောင် ကိုကို က ကျောင်းရှေ့မှာဆေးလာပို့တယ် .. "
" အော် အေးအေး ... "
ဂျူးလေး က ရွှေစင် ကိုပြန်ဖြေပြီး စာအုပ်ကိုလွယ်အိတ်ထဲထည့်ကာ စားပွဲအောက်ပြန်ထားလိုက်သည် ။ ပြီးသည်နှင့် ဂျူးလေး သည် ကျောင်းသားသစ်ကိုကြည့်ကာ ။
" ရွှေစင် သူ့ကိုနှိုးလိုက်ရမလား .. တော်ကြာနေလည်စာငတ်နေဦးမယ် "
" ဖြစ်မှဖြစ်ရတယ် နှိုးမနေနဲ့ဂျူးလေး ဘယ့်နှယ့် ကျောင်းလာတဲ့ပထမဦးဆုံးရက်ကို ကလားသေ ကလေားမောအိပ်နေရတယ်လို့ ထားခဲ့လိုက် .. "
" အာ ရွှေစင်ကလဲ သူများကို အဲ့လိုမပြောရဘူးလေ "
ရွှေစင်ကတော့ မျက်နှာမဲ့ကာ မသိဘူးဆိုတဲ့သဘောနဲ့လုပ်ပြလိုက်သည် .. ရွှေစင် နဲ့ ဂျူးလေး တို့စကားပြောနေတုန်း မင်းထက် တွန့်လူးကာနိုးလာခဲ့သည် ။
" အင်း အိပ်တာတောင် ကောင်းကောင်းမအိပ်ရဘူး ဒီနားမှာ ကြွက်မလေးရှိနေတာထင်တယ် "
မင်းထက် သည် အိပ်ချင်မူးတူးစတိုင်နဲ့ နားကိုလက်ညှိုးနဲ့ခါပြီးပြောလိုက်တော့ ရွှေစင်မျက်နှာကြီးမဲသွားသည် ။ ဂျူးလေး သည်လဲ ရွှေစင် ကိုကြည့်ကာ ရယ်ချင်စိတ်ကိုထိန်းထားရသည် ။
" ဟဲ့ နင်ဘယ်သူ့ကိုပြောနေတာလဲ .. စကားပြောတာကြည့်ပြော "
" ဟမ် ကိုယ်ဘာပြောလို့လဲ "
" ဘာကိုဘာပြောလို့လဲ လဲ .. နင်ငါ့ကိုစောင်းပြောနေတာမဟုတ်လား ယောက်ကျားဖြစ်ပြီး မိန်းမလိုမိန်းမရ နဲ့ မပြောလိုက်ချင်ဘူး "
ရွှေစင် သည် ပုံမှန်ဆိုရင် ကျောင်းထဲက လူအားလုံးနဲ့ မဟုတ်ဘူး လင်းသန့်စင် တို့အဖွဲ့ကလွှဲရင် အားလုံးနဲ့တည့်သည် ခင်မင်အောင်ပေါင်းတတ်သော်လည်း ဒီကျောင်းပြောင်းကျောင်းသားနဲ့မှ လုံးဝကြည့်မရ ကတ်ကတ်လန်အောင်ရန်တွေ့နေသည် ။
![](https://img.wattpad.com/cover/226507376-288-k108468.jpg)
YOU ARE READING
ကိုကိုရဲ့ကလေးငယ် S2 [ Completed ]
Romance#May - 25 - 2020 #Moewathan #Art by Maythitsar🌹 ယခုဇာတ်လမ်းတွင်ပါဝင်သော အကြောင်းအရာများနှင့် ဇာတ်လမ်း ဇာတ်ကွက်များဟာ စာရေးသူ၏စိတ်ကူးယဥ်ဇာတ်လမ်းတစ်ခုသာဖြစ်သည်။