" ဟော ကိုဇိုင်း နိုးလာပြီ .. "
ဧကရီ ပုံစံသည် အခုမှ အိပ်ယာနိုးလို့အပြင်ထွက်လာရင်း တိုက်ဆိုင်သည့်ပုံပင် ။
သို့ပေမယ့် တကယ်တမ်းကျတော့ သူမ ထိုလှေကားပေါ်ကဆင်းလာမည့် ဇိုင်း ကို လည်တဆန့်ဆန့်နဲ့ မနက်ကတည်းက မျှော်နေမှန်း အလုပ်သမားတွေပင် သိသည် ။
ထို့အတူ ဇိုင်း လဲ သိသည် ။ သို့ပေမယ့် ချစ်ရတဲ့ကလေးငယ် အိပ်ပျော်နေလို့ တမင်ဆင်းမလာခြင်း ..။
အပေါ်ထပ်ကနေ ဂျူးလေး ကို ပွေ့ချီကာ ကြည်နူးမှု့တွေနဲ့ဆင်းလာတဲ့ ဇိုင်း နဲ့ ဂျူးလေး သည် သူမအသံကြောင့် ပြုံးလက်စအပြုံးပင် ပျောက်သွားခဲ့သည် ။
ညက ဇိုင်း ပယောဂရော ပေါင်သားလေးတွေရောင်ပြီး ပွန်းနေတဲ့ ဂျူးလေး ကို ဇိုင်း က တယုတယပွေ့ချီလာသည် ။
" အင်း ... "
" အတော်ပဲ ဧကရီ လဲ အခုမှနိုးလို့မနက်စာ စားမှာ "
ဇိုင်း သည် လှေကားထစ်တွေဆီကနေ ဂျူးလေး ကို ပွေ့ချီလျှက်ပင် သူမအရှေ့ဆီရောက်လာသည် ။
သူမ ဝတ်စားထားတဲ့လော်လီဖ်ာလီအဝတ်စားတွေဟာ ပုရိသယောက်ကျားတွေရဲ့စိတ်ကိုဖမ်းစားရန်လုံလောက်သည် ။ ဒါအပြင် သူမ ရဲ့ ရင်နှစ်မွှာသည်လဲ စကားပြောတဲ့ပြီးရယ်လိုက်ချိန်တိုင်း တုန်တုန်လှုပ်လှုပ်ဖြစ်နေတော့သည် ။
ထိုမြင်ကွင်းဟာ ဇိုင်း မျက်စိရှေ့ရောက်လာတာကြောင့် ဇိုင်း သည် ရင်ခွင်ထဲက ကလေးလေးကိုမမြင်စေချင်တာမို့ ကလေးလေးရဲ့ခေါင်းကိုဇိုင်းရင်ခွင်ထဲသွင်းထားလိုက်သည် ။
ဧကရီ သည် ဇိုင်း လက်ထဲက ဂျူးလေး ကို အထင်သေးတဲ့မျက်လုံးတွေနဲ့တစ်ချက်ကြည့်ကာ ဇိုင်း ဘက်လှည့်သည်နှင့် အပြုံးတို့ပန်ဆင်လိုက်သည် ။
ထိုသူမ သည် ဂျူးလေး ကို မနှစ်မြို့မှန်းသိတာကြောင့် ဂျူးလေး လဲ အနေထိုင်ဆင်ခြင်ရမည်ဟုတွေးမိလိုက်သည် ။
" အဟမ်း .. ကိုကိုကြီး ငယ့် ကိုအောက်ချပေးတော့လေ .. "
" ဘာလုပ်မလို့လဲငယ် .. ညကအရှိန်နဲ့ ငယ် လမ်းလဲလျှောက်နိုင်မှာမဟုတ်ပဲ ငြိမ်ငြိမ်နေကွာ .. "
YOU ARE READING
ကိုကိုရဲ့ကလေးငယ် S2 [ Completed ]
Romance#May - 25 - 2020 #Moewathan #Art by Maythitsar🌹 ယခုဇာတ်လမ်းတွင်ပါဝင်သော အကြောင်းအရာများနှင့် ဇာတ်လမ်း ဇာတ်ကွက်များဟာ စာရေးသူ၏စိတ်ကူးယဥ်ဇာတ်လမ်းတစ်ခုသာဖြစ်သည်။