❤ ကိုကိုရဲ့ကလေးငယ် ၁၇ ❤

91.8K 6.9K 583
                                    

" Hello .... "

"......."

" ဘာ !! .... ကျုပ်အခုလာခဲ့မယ် !! "

မီတင်အခန်းထဲက အလောတကြီးပြေးထွက်လာတဲ့ ဇိုင်း ဟာ အခုချိန်မှာ အရေးကြီးအလုပ်တွေ Project တွေ ဘာတွေ နားမလည် ။ အခုနေ ကလေးရှိရာဆီကိုပင် ရောက်ချင်ဇောလောအားကြီးနေသည် ။

နောက်မှာမီတင်ဘယ်လိုဆက်လုပ်မယ်ဆိုတာကိုမစဉ်းစားအားပဲ ရန်နိုင် လဲ ဇိုင်း နောက်ကိုသာ ပြေးလိုက်ရတော့သည် .. ။

ဒီနေ့က ကလေးငယ် ရဲ့ ကျောင်းပွဲတော်မို့ ကျောင်းတွင်းထဲကို ဇိုင်း လူတွေလိုက်လို့မရတာကြောင့်ရော ဇိုက်း ကလဲ အချိန် ၃ နာရီလောက်ပဲအလွန်ဆုံးလည်ပတ်ခွက့်ပေးမှာကြောင့်ပါ ဇိုင်း လူတွေကို မစောင့်ကြည့်ခိုင်းတော့ပေ ။

" ရန်နိုင် .. မင်းခ ဆီဖုန်းဆက်ပြီးအခုချက်ချင်း နောက်ကလိုက်လာခိုင်း .... အခု ရဲစခန်း *** ဆီ ​မောင်း ... "

" ဟုတ်ကဲ့ Boss .. "

ဇိုင်း ကားပေါ်ရောက်သည်နှင့် အပေါ်ကုတ်အင်္ကျီပင်မဝတ်နိုင် .. သေသပ်စွာဝတ်ဆင်ထားတဲ့ နက်(ခ်)တိုင် ကို စိတ်ရှုတ်ထွေးစွာအဖြစ် ချွတ်ကာ လွတ်ပစ်ပြီး တစ်လမ်းလုံး ကလေးငယ် အတွက်စိတ်ပူလွန်းလို့ ဦးနှောက်ထဲမှာ ဘာမှမစဉ်းစားနိုင် ... ရဲစခန်းကပြောတဲ့စကားတွေကိုသာ နားထဲမှာတွင်တွင်ကြားယောင်နေသည် ။

" တောက် !! ....... ဒင်း တို့ သေဖို့သာပြင်ထား "

အခုချိန်မှာ ဇိုင်း လူသတ်ချင်နေသည် ... ဒေါသတွေကို ထိန်းချုပ်ထားရလွန်းလို့ စူးရဲတဲ့မျက်လုံးတွေနဲ့ မေးကြောတွေပင် ထောင်တတ်နေသည် ။

ရန်နိုင် ဖုန်းဆက်ပြီးမကြာလိုက် ဇိုင်း တို့ ကားလမ်းကြောင့်နောက်က ကျွမ်းကျင်စွာမောင်းလိုက်လာတဲ့ အနက်ရောင်ဘင်ကားတစ်စီး ...... ။
.
.
.
.
.
ရဲစခန်းတွင် .......။

ရဲစခန်း ရဲ့ တရားခံစစ်မေးနေရာခုံတွင် အပြစ်မဲ့သူ ဂျူးလေး နဲ့ ရွှေစင် ထိုင်နေရပြီး သက်တောင့်သက်သာထိုင်ခုံဆိုဖာတွင် တရားခံဖြစ်သူနဲ့ သူ့အပေါင်းအပါတွေဟာ ဘာမှမလုပ်ထားသည့်ပုံစံနဲ့ထိုင်နေသည် ။ သူတို့ရှေ့မှာတော့ တာဝန်ရှိသူတစ်ဦးက ထိုတရားခံတွေကို စကားရောဖောရောနဲ့ မျက်နှာလုပ်နေသည် ။

ကိုကိုရဲ့ကလေးငယ် S2 [ Completed ]Dove le storie prendono vita. Scoprilo ora