❤ ကိုကိုရဲ့ကလေးငယ် ၂၁ ❤

102K 7.7K 1.1K
                                    

ဒီနေ့က ဂျူးလေး ရဲ့ ကျောင်းပိတ်ရက်နောက်ဆုံးနေ့လေးဖြစ်သည် ။

ဒီနေ့တစ်ရက်ပဲ ပိတ်တော့မှာဖြစ်ပြီး ကျောင်းဖွင့်သည်နှင့် ကျောင်းစာမေးပွဲအတွက်လုံးပန်းရတော့မှာဖြစ်တာမို့ ဒီရက်လေးတွေမှာ ဇိုင်း တတ်နိုင်သလောက် ကလေးလေး နဲ့အချိန်ဖြုန်းချင်သည် ။ိုက

မေန့က အလုပ်ကိစ္စအတွက် မင်းခ ကို Us ဘက္က Company ကိုလွတ်လိုက်တာမို့ .. အဲ့ဘက္က Company ရဲ့ ရှယ်ယာကိစ္စကို ဇိုင်း ဆီ အချက်အလက်ပို့ပေးတာကြောင့်အစည်းအဝေးလုပ်ရမည် ။

ဒီနေ့မနက် ဇိုင်း Company အတွက်အရေးကြီးအစည်းအဝေး ရှိသည်မို့ မသွားမဖြစ်သွားရမည် ။

ဇိုင်း သည် အိပ်ပျော်နေတဲ့ ကလေးလေး ကို မနှိုးရက်တာကြောင့် ကလေးလေးရဲ့နှဖူးလေးကိုတစ်ချက်နမ်းကာပင် Company ကိုထွက်လာခဲ့သည် ။

ဇိုင်း အောက်ဆင်းလာသည်နှင့် ကြီးမေ ကို ခေါ်လိုက်သည် ။

" ကြီးမေ ... "

" ရှင် Boss "

" ငယ် နိုးလာရင် ကျွန်တော် Company အရေးကြီးအစည်းဝေးသွားတတ်တယ်လို့ပြောပေးပါ .. ပြီးရင် မနက်စာအတွက် သေချာပြင်ဆင်ပြီးကျွေးလိုက် .. ဘာတစ္ခုမွ မမှားယွင်းစေနဲ့နော် "

" ဟုတ်ကဲ့ စိတ္ခ်ပါ Boss "

ပြောပြီးသည်နှင့် ဇိုင်း ရန်နိုင် နဲ့ အတူ Company သို့ထွက်လာခဲ့သည် ။ ဇိုင်း သည် ကလေးငယ် ဟာ သူ့အိမ်တော်မှာပဲမို့ အစောင့်တွေကိုတော့ ခြံထဲမှာပဲ စောင့်ကျပ်စေကာထားလိုက်သည် ။

ဇိုင်း သွားပြီးခဏကြာသည်နှင့် မြေခွေးအပြုံးနဲ့ သူမ အခန်းထဲကထွက်လာတော့သည် ။

ဧကရီသည် ဂျူးလေး ကို ပထုတ်ရန်အကြိမ်ကြိမ်စဉ်းစားကြည့်သော်လည်း ဇိုင်း က ဂျူးလေး ကို သူမျက်စိရှေ့ကပျောက်သွားတာကိုမဆိုထားနှင့် သူ့လက်ပေါ်ကပင် မချတာကြောင့် ဧကရီအကြံစည်တွေ ဘာမှဖြစ်မလာခဲ့ ။

ဒီနေ့နဲ့ဆို ဧကရီပင် ဒီအိမ်ရောက်သည်မှာ ၃ ရက်ရှိပြီဖြစ်သော်လည်း ခုချိန်ထိ ဇိုင်း က ထိုကောင်လေး ကိုကျတော့ ရတနာတစ်ပါးလိုစိတ်ကြိုက်လုပ်ခိုင်းထားပြီး ဧကရီကိုကျတော့ အပေါ်ထပ်ကိုပင်တတ်ခွင့်မပြုပေ ။

ကိုကိုရဲ့ကလေးငယ် S2 [ Completed ]Donde viven las historias. Descúbrelo ahora