❤ ကိုကိုရဲ့ကလေးငယ် ၁၁ ❤

96.2K 7.4K 486
                                    

ခါတိုင်းလိုပဲ မနက်ခင်းအလင်းရောင်တိုးဝင်လာသည်နှင့် ဇိုင်း နိုးလာခဲ့သည် ... ။

ဘေးကအိပ်ပျော်နေတဲ့ကလေးလေး ကို ကြည့်လိုက်တော့ ဇိုင်းလက်မောင်းပေါ်ခေါင်းအုံးပြီး ခါးကိုဖက်ကာအိပ်ပျော်နေသည် .. ဒါ့အပြင် ခွခေါင်းအုံးကြိုက်တတ်တဲ့ကလေးလေးသည် ဇိုင်း ရဲ့ပေါင်အရင်းကိုခွထားသေးသည် ။

ပါးစပ်လေးဟစိဟစိနဲ့ချစ်စရာကောင်းနေတဲ့ကလေးလေး က အိပ်ပျော်နေတာတောင်အရမ်းချစ်ဖို့ကောင်းနေသေးသည် ။ ဇိုင်း သည် အိပ်ပျော်နေတဲ့ ကလေးလေးရဲ့နှဖူးလေးကိုမြတ်နိုးစွာ တစ်ချက်နမ်းရှိုက်လိုက်တော့ အိပ်နေတဲ့ကလေးလေးကလှုပ်လာပြီး ပါးစပ်ကတစ်ခုခုဝါးနေတယ် .... ။

* ကြည့်ရတာ အိမ်မက်ထဲမှာတစ်ခုခုစားနေတဲ့ပုံပဲ *

လှုပ်ယဲ့ကာ ပါးစပ်ကတစ်မြုံ့မြုံ့ဝါးရင်းပင် အဲကွန်းအအေးဓာတ်ကြောင့်ထင် ဇိုင်း ရင်ခွင်ထဲကိုတိုးဝှေ့လာတာကြောင့် ဇိုင်း ကြည်နူးကာပွေ့ဖက်ထားပေးလိုက်သည် ။

မနက်ခင်းအိပ်ရာနိုးတာနဲ့ ကိုယ့်ချစ်ရသူရဲ့မျက်နှာလေးကိုကြည့်ပြီးနိုးထရတာလောက်ကံကောင်းခြင်းဆိုတာ ရှိတော့မှာမဟုတ်ဘူးထင်တယ် ။

ဒီကလေးလေး သည် ပုံမှန် ဇိုင်း စိတ်တိုနေတဲ့အချိန်လောက်သာ ဇိုင်း ကိုကြောက်တာ ကျန်တဲ့အချိန်ဆို ဇိုင်း ကိုသိပ်ကြောက်တာမဟုတ်ဘူး ...။
ကြောက်လား မကြောက်လား အခုကြည့်ပါလား ... ဇိုင်း ကိုခွပြီး ဖက်ထားလိုက်တာများ သူ့ခွခေါင်းဦးအလားပဲ ။

ကလေးလေး က အိပ်တဲ့အချိန်တိုင်း ခွခေါင်းအုံးကို အခုလိုဖက်ပြီးခွထားလေ့ရှိတာကို ဇိုင်း သတိထားမိပြီးနောက်ပိုင်း အခန်းထဲမှာ ခွခေါင်းအုံးမထားတော့ပေ ။

ညဘက်တွေ ခွခေါင်းအုံးရှိမှ အိပ်ပျော်တတ်တဲ့ကလေးလေး က ဇိုင်း သူ့နောက်ကျောကနေဖက်ပြီးအိပ်ပျော်ချင်ယောင်ဆောင်တိုင်း ဇိုင်း နဲ့ မျက်နှာချင်းဆိုင်ကိုပြန်လှည့်ကာ ဇိုင်း ကို ဖက်ထားတတ်သည်လေ ။

(AY - အကြံဇိုးးနဲ့ဟယ်)

ဇိုင်း သည် သူ့ရင်ခွင်ထဲမှာ အိပ်ပျော်နေတဲ့ကလေးလေး ကို မနှိုးချင်ပေမယ့် ကလေးလေး ကျောင်းနောက်ကျနေမှာစိုးတာကြောင့် နှိုးရတော့မည် ။

ကိုကိုရဲ့ကလေးငယ် S2 [ Completed ]Where stories live. Discover now