❤ ကိုကိုရဲ့ကလေးငယ် ၂၅❤

80K 6.9K 621
                                    

နောက်တနေ့မနက် ။

ဇိုင်း နဲ့ ဂျူးလေး မနက်စားစားပြီး ကျောင်းကိုလာခဲ့သည် ။ ကျောင်းရှေ့ရောက်သည်နှင့် ဇိုင်း သည် အောက်ဆင်းပြီးပို့ချင်ပေမယ့် လက်မခံတဲ့ ကလေးငယ်ကြောင့် ကားထဲကနေမှာနေရသည် ။

" ငယ် ဒီနေ့ ကိုယ်နဲ့အတူ နေ့လည်စာစားရအောင် ကိုယ့်ကိုစောင့်နေနော် "

" ဟုတ် ကိုကိုကြီး .. အာ့ဆို ငယ် သွားတော့မယ်နော် ပြွတ် ..."

ဂျူးလေး သည် ဇိုင်း ပါးပြင်လေးကိုနမ်းပြီး ကားပေါ်ကဆင်းမယ်အလုပ် ဇိုင်း သည် ဂျူးလေး လက်မောင်းကနေပြန်လှမ်းဆွဲကာ နှုတ်ခမ်းသားလေးတွေကိုနမ်းရှိုက်လိုက်တော့သည် ။

ရုတ်တရက်အနမ်းခံလိုက်ရတာမို့ ကျောင်းရှေ့မှာဆိုတဲ့စိတ်နဲ့ ဂျူးလေး ရှက်သွားပေမယ့် ဂျူးလေးတို့ကားသည် အပြင်ကနေ မမြင်ရသည့်ကားအမျိုးအစားမို့ ..  ဇိုင်း အနမ်းတွေကို ခဏတာ တုန့်ပြန်လိုက်သည် ။

ပြွတ် .... ခနဲ အသံမြည်အောင်တစ်ချက်နမ်းစုပ်ကာ ကလေးငယ် နှုတ်ခမ်းလေးကို လက်မနဲ့ပွတ်ဆွဲရင်း ဇိုင်း  ပြုံးကာပင် ။

" ကိုယ့်ကိုစောင့်နေနော် ကလေးလေး "

" ဟု ဟုတ် .... ငယ် ငယ် သွားတော့မယ်နော် "

ထိုသို့ပြောပြီး ကျောင်းဝင်းထဲ အတင်းပြေးသွားတဲ့ ငယ် ဟာ လုံးတစ်တစ်လေးနဲ့အရမ်းအသည်းယားဖို့ကောင်းလွန်းသည်။ ကလေးငယ် ကျောင်းဝင်းထဲဝင်သွားသည့်အရိပ်ပျောက်သွားသည်နှင့် ဇိုင်း ဖုန်းထုတ်ကာ ။

" မင်းခ .. "

" ဟုတ် Boss .. "

" ငယ့် ကို သေချာစောင့်ရှောက် .. ငယ် ဘာတစ်ခုမှထိခိုက်တာမလိုချင်ဘူး .. ငါ့ကိုစိတ်မပျက်စေနဲ့ "

" စိတ်ချပါ Boss "

ဇိုင်း ဖုန်းချပြီးသည်နှင့် ပြတင်းပေါက်ကနေ ကျောင်းဘက်ကိုတစ်ချက်ကြည့်ကာ Company ကို ထွက်လာခဲ့သည် ။
.
.
.
School...

ကျောင်းအခန်းထဲတွင် အရင်ဆုံးရောက်နေတဲ့ ရွှေစင် နဲ့ မင်းထက် သည် အကြောင်းအရာတစ်ခုကိုပြောနေကြသည် အဲ့ဒါကတော့ ။

ကိုကိုရဲ့ကလေးငယ် S2 [ Completed ]Where stories live. Discover now