1

29.9K 1.1K 11
                                    

"ခင်ဗျား လူတစ်ယောက်လုံးကို ဝင်တိုက်ရလောက်အောင် မမြင်ဘူးလား မျက်စိကန်းနေတာလား..."

Xiao zhan အမှတ်တမဲ့ဝင်တိုက်မိတဲ့ ခန္ဓာကိုယ်လေးကို ပြန်ထိန်းယူရင်း ပျက်သွားတဲ့မိမိဟန်ချက်လေးကို ပြင်ယူနေစဉ်ကြားလိုက်ရတဲ့ ဒေါသသံလေးကြောင့် Xiao zhan တောင်းပန်ဖို့ မျက်နှာလေးကို ကြည့်မိလိုက်လျှင် ချောတယ် ဆိုတာထက်ချစ်ဖို့ကောင်းသော
လှတယ်ဆိုတာထက် ပို၍အနုပညာဆန်သော
ဒေါသထွက်နေတယ် ဆိုတာထက် စိတ်အတုံးလိုက် အတစ်လိုက် တိုနေသော အကောင်လုံးလေးကိုတွေ့လိုက်ရသည်။

မြင်မြင်ချင်း ချစ်မိသွားတယ်။ တစ်ကယ်ကလေးဆန်တယ်။ ရှေ့ကိုတစ်လန်လောက်ထွက်နေတဲ့ နှုတ်ခမ်းလေးက သူ့ရှေ့မှာရပ်နေတဲ့ Xiao zhan ကို ထိုးမိတော့မယ်။

"Sorry ပါ ကလေးလေး အကို တောင်းပန်ပါတယ်.."

"ဘာကလေးလေးလဲ။ ကျွန်တော့အသက် ၁၈ နှစ်ပြည့်ပြီ လူကြီး ဖြစ်နေပြီ..."

Xiao zhan သူ့ရှေ့မှာ ရန်ပြန်ထောင်နေတဲ့ ကောင်လေးကို ကြည့်ပြီး ရယ်ချင်နေမိသည်။ ကလေးမဟုတ်လို့ လူကြီးလေးမလို့ သူ့ကို ရန်ပြန်ထောင်နေတာ။

"ကလေးမဟုတ်လို့ မင်းကလူကြီး​လေးလား။ ကိုယ့်ကိုကိုယ်လည်း ပြန်ငုံ့ကြည့်ဦး ခွေးပစ်တဲ့တုတ်လောက်ပဲရှိသေးတယ်.."

Xiao zhan စကားကြောင့် ကြောင်အပြီး ကိုယ့်ကိုကိုယ်ပြန်ငုံ့ကြည့်နေတဲ့ ကောင်လေးကြောင့် Xiao zhan အူယားစွာ အကောင်လုံးလေးပါးလေးကို ကောက်နမ်းပြစ်လိုက်သည်။

"ဟင် ခင်ဗျား ခင်ဗျား...."

ပါးလေးကို လက်နဲ့အုပ်ပြီး မယုံကြည်နိုင်သလို Xiao zhan ကို လက်ညိုးလေး တစ်ထိုးထိုးနဲ့ ပြောနေတဲ့ အကောင်လုံးလေးကြောင့် Xiao zhanလည်း ထိုလက်ညိုးလေးကိုပါ လှမ်းကိုက်ပြစ်လိုက်သည်။

"အ့ ခင်ဗျား.."

"စိတ်တိုမနေတော့နဲ့ကလေးလေး အကိုအချိန်မရှိတော့ဘူး သွားရတော့မယ်။ မကျေနပ်ရင် နောက်ခါတွေ့ရင် ပြန်နမ်းနော်။ ပုန်းမနေနဲ့​နော် ကလေးလေး မင်းကိုအကိုပြန်လာရှာမယ်"

Wang yibo သူ့ဆံပင်လေးတွေကို ဖွရင်း ပြေးထွက်သွားတဲ့ နောက်ကျောပြင်ကို ငေးကြည့်ပြီးကျန်နေခဲ့သည်။

ကြယ်ကလေးရဲ့ကိုကို  (  Completed )Where stories live. Discover now