44

5.6K 564 9
                                    

ကြယ်ကလေးရဲ့ ကိုကို 💜

Chapter - 44

ဝမ်းနည်းပတ်လက် ငိုရှိုက်ခြင်းရဲ့ အဆုံးသတ်က အရမ်းပင်ပန်းပြီးတော့ အိပ်ပျော်သွားတာပဲ....။

ရှောင်းကျန့် အိပ်ယာကနိုးလာတော့ ခါးနေရာကနေ တင်းကျပ်နေတဲ့ ထွေးဖက်ထားမှု..။
ဒါကြောင့် ခေါင်းလေးငုံ့ကြည့်လိုက်တော့ ကျောဘက်ကနေဖက်ထားမှုကြောင့် ဘယ်သူလည်းဆိုတာ မမြင်ရပေ..။
ဒါပေမယ့် ဒီလက်ပိုင်ရှင်လေးက ဘယ်သူလဲဆိုတာ ပြောပြစရာမလိုအောင် ရှောင်းကျန့် သိလို့ထားသည်...။
သူ့ဘဝအတွက် အစားထိုးမရသူ သူ့နှလုံးသားရဲ့ မြသည်းညှာလေး...ကလေးငယ်ငယ်...။
ရှောင်းကျန့် သူ့ကိုနောက်ကနေ ထွေးဖက်ထားတဲ့ ကလေးငယ်ငယ်လက်ကလေးကို
ရှေ့ကနေ ဖမ်းလို့ကိုင်ပြီး မျက်မှောင်လေး တစ်ချက် ကုတ်လိုက်မိသည်...။

သူနဲ့လာအိပ်တိုင်း သူ့ရင်ဘက်ပေါ်မှာ တက်ခွအိပ်တက်တဲ့ ကလေးငယ်ငယ်က
ဘာလို့ သူ့နောက်ကျောဘက်မှာ ရောက်နေတာလဲ...။

အား ကျွတ်......ကျွတ်...။

ထိုးကိုက်လာတဲ့ခေါင်းလေးကို  ဖိပြီး ငြီးလိုက်မိတဲ့ ရှောင်းကျန့်...။

" ကိုကို နိုးပြီးလား နိုးရင် ကျွန်တော့ကို အမူးပြေ ပဲပင်ပေါက် ဟင်းရည်ထချက်ပေး..."

နောက်ကျောဘက်စီက အသံလေး...
ရှောင်းကျန့်ချက်ချင်း ကလေးငယ်ငယ်ဘက် ခန္ဓာကိုယ်ကို လှည့်ကြည့်လိုက်တော့...
ရင်ခွင်ထဲရောက်လာတဲ့ ကလေးငယ်လေးက သူ့ကိုရင်ခွင်ထဲဆွဲသွင်းတဲ့ ရှောင်းကျန့် ရင်ဘက်လေးကို လက်နဲ့ပြန်တွန်းဖယ်ပြီး ခေါင်းလေးခါကာ စကားလေးတိုးတိုးပြောသည်...။

" ကိုကို ကျွန်တော် အမူးမပြေသေးဘူး..." တဲ့

ရှောင်းကျန့် အိပ်ယာပေါ်မှ ထထိုင်လိုက်သည်
ကလေးငယ်ငယ် ညက အရက်သောက်လာတာလား...။
ညက သူမူးနေလို့ သတိမထားမိလိုက်တာ နေမှာ..။
ဒါနဲ့ကလေးငယ်ငယ်က မူးရင်အိပ်ပျော်သွားတက်တယ်မလား...။
အဲ့ဒါဆို အိပ်ပျော်နေတဲ့ ကလေးငယ်ငယ်ကို ဘယ်သူက သူ့စံအိမ်ကို လာပို့သွားပါသလဲ...။

" ကလေးငယ်ငယ် ညက သောက်တာ အရမ်းများသွားတာလား..."

ရှောင်းကျန့်စကားလေးကို ခေါင်းလေးခါပြတဲ့ ဝမ်ရိပေါ်...။
ရှောင်းကျန့် ခေါင်းလေး ငြိမ့်ပြမိလိုက်သည်..။
တစ်ခွက်တည်းသောက်လည်း ကလေးငယ်ငယ်က မူးတာပါပဲ...။

ကြယ်ကလေးရဲ့ကိုကို  (  Completed )Onde histórias criam vida. Descubra agora