40

5.6K 567 11
                                    

ကြယ်ကလေးရဲ့ ကိုကို 💜

Chapter - 40

ခရီးဆောင် အိတ်တွေ ယူပြီးသည် အထိ လေယာဉ် ကွင်းကမထွက်ရသေးတဲ့ သူတို့နှစ်ယောက် ၊ခုချိန်ထိ လေဆိပ်ထဲမှာပဲရှိနေသေးသည်​လေ
Xiao zhan ကလေးငယ်လေးကို ငုံ့ကြည့်လိုက်သည် ။
သူ့ လက်လေးကို တင်းတင်းလေး ဖမ်းကိုင်တဲ့တဲ့ ဝမ်ငယ်လေး ၊သူပဲလုပ်ထားပြီး အခုမှ ကြောက်နေသည့်ပုံစံလေးနဲ့

" ကိုကို "

" အင်း ကလေးငယ်ငယ် ကိုကို​ ရှိတယ် "

" ထွက်လို့မရလောက်သေးဘူးနော် ကိုကို လူတွေအရမ်းများနေသေးတယ် "

အသံတိုးတိုးလေးနဲ့ပြောလာတဲ့ ကလေးငယ်လေး ၊xiao zhan ခေါင်းလေးထွက်ကြည့်ပြီး ငြိမ့်လိုက်မိသည်

"ကလေးကို ဘယ်သူက ဒီ သတင်းကို တင်ခိုင်းလို့လဲ..."

Xiao zhan ရဲ့ စကားသံအေးအေးကြောင့် မော့ကြည့်လာတဲ့ ကလေးငယ်လေး
မနေ့ကတည်းက Weibo မှာ ကလေးငယ်ရဲ့ date time က hot ဖြစ်နေတာပါတဲ့
ဒါတောင် ဒီနေ့မနက်ပြန်မှ သိလိုက်ရတဲ့ Xiao zhan ၊အဖြေက ရိုးရှင်းပါတယ်
ဒီသတင်းကို ကလေးငယ်က သူမဟုတ်တဲ့ သူကိုယ်တိုင်တင်မှာမလို့ သူ ph ကို ယူသိမ်းထားတာပါတဲ့

အဆိုးလေးက ဘာမှ အရင် မစဉ်းစားဘူး
အခု သူ့ရဲ့ fan တွေက လေဆိပ်မှာ လာငိုကုန်ပြီ....။
သူတို့ပြန်လာမည်ကို ဘယ်ကနေ သိတာလည်း ပြန်မမေးနဲ့
ကလေးငယ်ကိုယ်တိုင်က ယောက်ခမ အိမ်ရောက်နေတဲ့ သမက်အကြောင်း
သူတို့ ဒီနေ့ ပြန်လာမယ့်အကြောင်းကို
သူ မဟုတ်တဲ့ လူတစ်ယောက်အနေနဲ့ တင်လိုက်တာပါတဲ့

" ကိုကို ကလည်း ကိုကိုပဲ အားလုံးကို လိုက် တာဝန်ယူနေလို့ ဘယ်လိုဖြစ်ပါမလဲ ၊ ကျွန်တော်လည်း ယောကျာ်းလေးပဲ တာဝန်ယူရမှာပေါ့ ဖြစ်သမျှကို ရင်ဆိုင် ဖြေရှင်းမယ် ကိုကိုသာ အနားမှာ ရှိနေပေး..."

Wang yibo ရဲ့ စကားလေးအဆုံး သဘောကျသလို ရယ်လိုက်မိတဲ့ Xiao zhan

ကိုကို ကလေးငယ်ငယ်က ဆိုးလိုက်တာဗျာ

" အဲ့ဒါဆို ထ ပြန်မယ်လေ "

Xiao zhan စကားကြောင့် လန့်သွားပြန်တဲ့ ကလေးငယ်လေး Xiao zhan သဘောကျစွာ ရယ်ပြီး ခေါင်းလုံးလုံးလေးကို ဖိကပ်နမ်းလိုက်သည်

ကြယ်ကလေးရဲ့ကိုကို  (  Completed )Donde viven las historias. Descúbrelo ahora