14

7.8K 719 6
                                    

ကြယ်ကလေးရဲ့ကိုကို 💜

Chapter - 14

" wang yibo ရာ မင်း မနက်ဖန်တော့ နေမကောင်းဘူးဆိုတာ အကြောင်းပြပြီး ရှူတင်လေးတော့ မဖျက်လိုက်ပါနဲ့တော့ကွာ
ငါ ဒါရိုက်တာကြီးကိုလည်း တောင်းပန်ရတာ အားနာလာပြီ မင်းဟာက တစ်ကယ်နေမကောင်းတာလည်း မဟုတ်ပဲနဲ့
အပျင်းထူပြီး စားလိုက်အိပ်လိုက်လုပ်နေတဲ့ဟာကြီးကို
မင်း ပင်ပန်းနေတာတော့သိပါတယ်
ဒါပေမယ့် ပြီးခါနီးနေတဲ့ ဒီကားလေးကိုတော့ အမြန်ပြီးသွားအောင် ရိုက်လိုက်စေခြင်တယ်.."

ဖန်ရှင်းက ဘေးနားမှာ ထိုင်ပြီးပြောနေသလောက် အေးဆေးစွာ ဂိမ်းကစားမပျက်တဲ့ wang yibo

ဖန်ရှင်းတစ်ကယ် စိတ်ရှည်လာပြီး
ဘာတွေဖြစ်နေတယ် မသိဘူး
ရှူတင်နားရက်လေးတစ်ရက်ရတဲ့နေက နေမကောင်းလို့ ၅ ရက်လောက် ဒါရိုက်တာကြီးကို ခွင့်တိုင်ပေးပါဆိုလို့ စိတ်ပူပြီး wang yibo တိုက်ခန်း
အ​ပြေးရောက်လာတဲ့ ဖန်ရှင်း

အိမ်ရောက်တော့ wang yibo က အိပ်ယာပေါ်မှာ ပတ်လက်ကြီး
နေမကောင်းလို့ မဟုတ်ဘူး
ဂိမ်းကစားနေလို့

အကြောင်းပြချက်က သူအရမ်းပင်ပန်းနေလို့ပါတဲ့
ဖန်ရှင်း မျက်နှာပူပူနဲ့ပဲ လိမ်ညာပြီး ဒါရိုက်တာကြီးကို ခွင့်လှမ်းတိုင်ရတယ်
၃ ရက်လောက်လို့
Wang yibo နေမကောင်းလို့ပါဆိုတော့
ဒါရိုက်တာကြီးက နားခွင့်ပေးရှာပါတယ်လေ

ခုလည်း မနက်ဖန်ရှူတင်ပြန်စရ​တော့မှာကို ဇာတ်ညွှန်း မဖတ်ပဲ ဂိမ်းကစားနေတဲ့
wang yibo , ဖန်ရှင်း တော်တော်ပေါက်ကွဲလာပြီး​လေ

" ဟေ့ကောင် wang yibo "!!

" င့လိ လန့်တာ ဖန်ရှင်းရာ
ဂိမ်းကစားနေတာမြင်ရဲ့သာနဲ့ သေမလို့အော်နေတာလား..."

"ဘောကို သေလေ
မင်းဟာက ငါပြောနေတာမှ နားမထောင်တာ
တော်ပြီ ဒီတစ်ခေါက် မင်းနဲ့ စာချုပ်ပြည့်ရင် နှုတ်ထွက်ပြီ ငါမင်းကို မနိုင်တော့ဘူး "

" ဖန်ရှင်း မင်းကလည်း... "

ဖန်ရှင်းရဲ့ လေသံတင်းတင်း စကားကြောင့် တစ်ကယ်စိတ်ဆိုးနေတာသိသွားတဲ့ wang yibo , ph လေးကို လက်ကချပြီး ဖန်ရှင်းကို သွားဖက်ပြီး​ စကားလုံး​တွေနဲ့ချော့သည်

ကြယ်ကလေးရဲ့ကိုကို  (  Completed )Donde viven las historias. Descúbrelo ahora