3

10.1K 865 8
                                    

"Wang yibo မင်းဟာက ဟုတ်ကောဟုတ်ရဲ့လားကွ.."

"ချီးကို ဟုတ်ကောဟုတ်ရဲ့လား ဖြစ်ရမှာလည်း..."

"မင်းဟာက ကြည့်ဦးလေ ဒီလောက်ထိယောင်ကိုင်းနေတဲ့ နှုတ်ခမ်းက..."

"ဟုတ်ပါတယ်ဆိုကွာ မနေ့ကငါ လေယာဉ်ကွင်းကနေပြေးထွက်တော့ ငါ့ကိုမနက်ကလိုက်ပို့ပေးတဲ့ လူကြီးနဲ့တိုက်မိတယ်ကွာ အဲ့မှာထိမိသွားတာနေမှာပေါ့ "

"လုံးဝ မဖြစ်နိုင်ဘူးနော်..."

"တော်ပြီဖန်ရှင်း မင်းမပြောနဲ့တော့။ ခဏနေ ငါ့ကိုလိုက်ပို့ပေးတဲ့ လူကြီးကို အားနာစရာကြီး။ မင်းပြောပုံက လူကြီးကပဲ ငါ့ကိုတစ်ခုခုလုပ်လိုက်သလို။ မင်းပြောနေတာကြီးကို လူကြီးသိသွားရင်မကောင်းဘူး​။ လူကြီးက ငါ့ကိုမနေ့ကကူပြီးကယ်လည်း ကယ်ထုတ်သွားရသေးတယ်။ ပြီးတော့ သူ့အိမ်မှာလည်း ပေးအိပ်ရသေးတယ်။ အခုမနက်အစောလည်း ရှူတင်ရှိတယ်ဆိုတာ သိပြီးလိုက်ပို့ပေးရသေးတယ်။ ငါထင်တယ် လူကြီးက ငါ့အကြောင်း အကုန်သိ​နေတာဆို​တော့ ငါ့ရဲ့ fan boy ပဲနေမှာပါ။ ဒါကြောင့် လျှောက်မတွေးနဲ့တော့ မိတ်ကပ်ဆရာခေါ်လိုက် ​ဖောင်းနေတာကိုမိတ်ကပ်နဲ့ ဖုံးထားလိုက်မယ်..."

ဖန်ရှင်းကတော့ wang yibo နှုတ်ခမ်းလေးကို အနီးကပ် တိုးကြည့်ပြီး ခေါင်းတွေခါနေသည်။

ဖြစ်ကို မဖြစ်နိုင်တာ။ တိုက်မိလို့ခိုင်းမိတယ်ဆိုတာကြီးက နှုတ်ခမ်းတစ်ခုလုံးကို ဖောင်းကြွပြီးနီရဲနေတာကတိုက်မိလို့ ယောင်နေတာနဲ့လုံးဝကိုမှမတူတဲ့ဟာ။

"ဖန်ရှင်း.."

wang yibo စိတ်ပျက်သလို ခေါ်မှ အကြည့်လွဲလိုက်တဲ့ ဖန်ရှင်း။

"အေးပါ ငါမိတ်ကပ်ဆရာပဲလွတ်လိုက်ပါမယ်.."

..................

Xiao zhan ဧည့်ခံထဲ မှာထိုင်ပြီး ငြိမ်နေမိသည်။ လက်ထဲမှာတော့ စာရွက်လေးတစ်ရွက်နဲ့။

နာမည်က wang yibo အသက်က ၂၁ နှစ် အလုပ်အကိုင်က သရုပ်ဆောင် အဆိုတော် မိဘတွေက ရှန်ဟိုင်း မှာနေတယ် တစ်ဦးတည်းသောသား။

Xiao zhan ခေါင်းလေးခါလိုက်မိသည်။ ကလေးလေးက အလွယ်နဲ့ ခေါ်ထားဖို့ မဖြစ်နိုင်တဲ့Idol လေး။ ဒါ​ကြောင့် တစ်ဖြေးဖြေးပဲနီးကပ်လာအောင် ကြိုးစားရတော့မှာပေါ့ဖယ

ကြယ်ကလေးရဲ့ကိုကို  (  Completed )Donde viven las historias. Descúbrelo ahora