29

5.8K 626 19
                                    

ကြယ်ကလေးရဲ့ကိုကို 💜

Chapter - 29

ဒီအကောင်လုံးလေးက အရမ်းချစ်ဖို့ကောင်းလို့ ပြန်မလွတ်နိုင်​လောက်အောင် ရင်ခွင်ထဲတိုးပြီး ဖက်ထား လိုက်မိတယ်
Xiao zhan ရင်ခွင်ထဲက အကောင်းလေးကို ကြည့်ပြီး ပြုံးလိုက်မိတယ်
ဒီကလေးလေး သူနဲ့လာအိပ်တဲ့နေ့တိုင်း သူ့ရင်ဘက်ပေါ်တက်ခွပြီးမှ မအိပ်ရရင်း အိပ်မပျော်တက်တဲ့ကလေးလေး
သူလည်း ဘာထူးလို့လည်း ဒီကလေးလေးကို ရင်ဘက်ပေါ်တင်ပြီး မအိပ်ရတဲ့ ညတွေဆို အရမ်း အထီးကျန်ဆန်လွန်းတယ်​လေ
တစ်ပတ်မှာ နှစ်ခါလောက်သား ဖက်အိပ်ခွင့်ရတဲ့ ကလေးလေးကြောင့် Xiao zhan မရောင့်ရဲ နိုင်တော့ဘူး
တစ်သက်လုံး ဖက်ထားနိုင်ဖို့အရေး ကြိုးစားအားထုတ် ရတော့မည်
Xiao zhan, ရင်ခွင်ထဲက ကလေးလေး ​ခေါင်းလေးကို ဖွဖွနမ်းလိုက်သည်

" ကလေးလေး ထတော့လေ"

ပခုံးလေးကို ဖွဖွပွတ်ဆွဲရင်း ခေါင်းလေးကို ဖွဖွနမ်းပြီး နိုးခံရတဲ့ မနက်ခင်းလေး
ဒီလို မနက်ခင်းလေးနဲ့အမြဲအတူ နေ့ရက်တိုင်း ကို ချစ်ရတဲ့သူနဲ့ စတင်ခြင်တယ်

" ဟင့်အင့် မထဘူး"

Xiao zhan သူ့ရင်ဘက်ကို ပါးနဲ့ပွတ်ဆွဲရင်း ခေါင်းခါရမ်းတဲ့ ကလေးလေးကြောင့် ပြုံးမိပြန်သည်

သူနိုးနေတာကို မထတဲ့ ကလေးလေး
သူ့ရင်ဘက်ပေါ်မှာ ခေါင်းခါပြီး ပြန်ငြိမ်နေပြန်သည်

ဒီနေ့က ဒီကလေးလေးရဲ့ holiday နေ့မလို့ မထလည်းရပေမယ့် ဒီနေ့တော့ ဒီကလေးကို သူ ရအောင်နိုးမှရမည်

" ကလေးလေး ထတော့လို့ "

" အားးးး  ကိုကို ရာ မထပါဘူးဆို ဘာလို့ အတင်း နိုးနေရတာလဲ..."??

မျက်လုံး တစ်ဖက်ဖွင့် စူပုတ်ကောက်ချိတ် အော်လာတဲ့ ကလေးလေး
ညက သူ့ကြောင့် ပင်ပန်းပြီး မထနိုင်လို့ အော်နေမှန်း သိပေမယ့်

" ကလေးလေးကို ကိုကို ဒီနေ့ ခေါ်သွားစရာ နေရာရှိတယ် ဒါကြောင့် ထနော် ကလေးလေးမထနိုင်ဘူးလား မထနိုင်ရင် မထနဲ့ ငြိမ်ငြိမ်လေးနေ ကိုကို ကလေးကို ရေမိုးချိုးပေးပြီး ပွေ့ချီခေါ်သွားပေးမယ်လေ... နော်..."

ကြယ်ကလေးရဲ့ကိုကို  (  Completed )Où les histoires vivent. Découvrez maintenant