20

7.1K 651 8
                                    

ကြယ်ကလေးရဲ့ကိုကို 💜

Chapter - 20

ငြိမ့်ငြိမ့်လေးနဲ့ မထိ တစ်ထိ နမ်းနေတဲ့အနမ်းက wang yibo အတွက် စိတ်မရှည်စရာပါ
နမ်းမယ်ဆိုလည်း ထိထိမိမိ နမ်းသင့်တယ်လေ
ခုဟာက ကလေး နမ်းသလို နှုတ်ခမ်းချင်း ထိနေယုံပဲနဲ့ အာသာမပြေလိုက်တာ

Wang yibo သူ့ကို တစ်ဖွဖွ နမ်းနေတဲ့ ဘဲကြီးရဲ့ ခေါင်းကို လက်နဲ့ ဖမ်းကိုင်ပြီး
ဘဲကြီး နှုတ်ခမ်းကို ဆွဲနမ်းပြစ်လိုက်သည်
စိတ်ရှည်တဲ့ အမျိုးအစားထဲမှာသူမပါဘူး
ပြောလို့ပြောတာ မဟုတ်ဘူး ဘဲကြီးနှုတ်ခမ်းပါးလေးတွေက ဆွဲဆောင်မူ့ရှိသည်
ယစ်မူးဖွယ်ကောင်းသည်
နူးညံသည်
ပြီးတော့ သူ လွမ်းနေပြီလေ

Xiao zhan သူ့ကို တန်ပြန်နမ်းလာတဲ့ကလေးလေးရဲ့အနမ်းတွေ ပြန်သိမ်းယူရင်း ကလေးလေးကို သူ့ရင်ခွင်ထဲမှ ဆွဲမလိုက်ကာ ပတ်လက်အိပ်နေတဲ့ သူ့ရင်ဘက်ပေါ်ကောင်တင်လိုက်သည်

အရုပ်ကလေးလို ပေါ့ပါးပါး ပါလာတဲ့ ကလေးလေးက ခု သူပေါ်မှာ မှောက်ရက်က​လေး
Xiao zhan သူ့ပေါ်က ကလေးလေးရဲ့ ခါးလေးကို ဖွဖွဖက်ရင်း အနမ်းများကို ရှေ့ဆက်သည်
သူနဲ့ တန်းတူ တုန့်ပြန်နေတဲ့ ကလေးပေါက်လေးရဲ့ အနမ်းတွေကလည်း မဆုတ်မနစ်

Xiao zhan ကလေးပေါက်လေးကို ခန္ဓာကိုယ် ပေါ်တင်ရင်း နမ်းနေရင်မှ ကလေးပေါက်လေးရဲ့ ကျောလေးကို  အကျီပေါ်ကနေ  ကိုင်တွယ်ပွတ်သပ်ရင်း စိတ်ထဲ မရိုးမရွ ဖြစ်လာကာ လက်ကလေးများကို ကလေးပေါက်လေးရဲ့ အကျီ အောက်ထဲရှိုဝင်လိုက်သည်

ခေါင်းထောင် ကြည့်လာတဲ့ ကလေးလေး
သူ့ကို ဘာစကားမှတော့ ဆိုမလာခဲ့

Xiao zhan တစ်ဆင့် တက်လိုက်ပြန်သည်

ကျောပြင် နုနုကို ပွတ်နေတဲ့ လက်ကလေးများကို အောက်ဘက် နည်းနည်း​လေး​လျော့ချလိုက်​မိတော့ ကလေးရဲ့ တင်ပါးလုံးလုံးလေးပေါ် ရောက်သွားတဲ့ သူ့ရဲ့လက်တွေ

ကလေးပေါက်လေးက နမ်းနေရင်းတန်းလန်း သူ့ကိုခေါင်းထောင်ကြည့်ပြန်သည်
Xiao zhan ပြုံးပြလိုက်မိသည်
လူယုတ်မာ အပြုံးကြီးနဲ့

Wang wang မျက်မှောင်လေး ကုတ်လိုက်မိသည်
ဘဲကြီး သူ့ကို ဘယ်လိုတွေလုပ်နေမှန်းမသိဘူး

ကြယ်ကလေးရဲ့ကိုကို  (  Completed )Donde viven las historias. Descúbrelo ahora