24

6.9K 592 11
                                    

ကြယ်ကလေးရဲ့ကိုကို 💜

Chapter - 24

နေပူလိုက် မိုးရွာလိုက်နဲ့ ထင်သလောက် အလုပ်မဖြစ်နိုင်တဲ့ ရာသီဥတု တစ်ကယ် စိတ်ကုန်စရာ အရမ်းကောင်းတယ်
Xiao zhan လက်ကောက်ဝတ်က နာရီ​လေးတစ်ချက်ကြည့်လိုက်သည်
နေ့လည် ၁၂ နာရီ ထိုးတော့မည်
ထမင်းစားချိန်ရောက်တော့မယ်လို့ ပြောလို့ရတယ် Xiao zhan ထိုင်ရာမှ ထလိုက်သည် ခဏနားလိုက်တော့မည်
နေ့လည် အစည်းအဝေး ရှိတယ်လေ

"ကျန်းချန် နေ့လည်စာသွားစားမယ် "

အခန်းထဲက ထွက်ထွက်ချင်း သူ့နားလျှောက်လာတဲ့ ကျန်းချန်ကိုပါတစ်ခါတည်း ခေါ်ခဲ့လိုက်သည်

..................

" မင်း ကြိုက်တာမှာ "

Xiao zhan ကျန်းချန်ကို ပြောပြီး ph လေးကို ကောက်ကိုင်လိုက်သည်
ကလေးလေးကို လွမ်းနေတဲ့အကြောင်း message ပို့ရမယ်လေ

" ကျွန်မကော ထိုင်လို့ရမလား... "???

ဘေးနားက ထွက်လာတဲ့ အသံကြောင့် တစ်ပြိုင်တည်း မော့ကြည့်လိုက်ကြတဲ့ Xiao zhan နဲ့ ကျန်းချန်

"ကျွန်မ ဝမ်ချင်းပါ "

နာမည်ပါ မိတ်ဆက်ပေးမှ နှစ်ယောက်လုံးခေါင်းငြိမ့်မိတဲ့ သူတို့နှစ်ယောက် မိတ်ကပ် အဖွေးသားနဲ့ ဆိုတော့ ရုတ်တရက်ကြီး မမှတ်မိလိုက်ဖူးလေ

တစ်ကယ်ပဲ စိတ်ရှုပ်စရာကောင်းသလို သနားဖို့ကောင်းတဲ့ မင်းသား မင်းသမီးတွေ
အပြင်တစ်ခါထွက်ဖို့အရေး ရုပ်ဖျက်ရ ဘာလုပ်ရ ညာလုပ်ရနဲ့

ကျန်းချန် နေရာမှ ထကာ ထိုင်ခုံကို ဆွဲယူပေးသည်

" ထိုင်ပါ ထိုင်ပါ တစ်ယောက်တည်းလား အဖော်မပါဘူးလား "???

" ဟုတ် ဒီနေ့ မိုးကောင်းနေလို့ ရိုက်ကွင်းနားထားတယ်လေ  ကောင်မလေးတွေကလည်း နားချင်တယ်ဆိုလို့ ပြန်ခိုင်းလိုက်တာ
တစ်ယောက်တည်း
ထမင်းဟင်း မချက်ချင်တာနဲ့ ထွက်လာစားတာ တစ်ယောက်တည်းနဲ့ ကြောင်နေလို့ အကိုတို့ကိုတွေ့လို့ တန်းပြီးဝင်လာတာ "

ဝမ်ချင်း ရဲ့ စကားကိုခေါင်းလေးငြိမ့်မိကြတဲ့ Xiao zhan နဲ့ ကျန်းချန်
မင်းသမီးဆိုပြီး မာနကြီးမယ် ထင်နေတာ
ဖော်ရွေပြီး ခင်ဖို့ကောင်းတာပဲ

ကြယ်ကလေးရဲ့ကိုကို  (  Completed )Wo Geschichten leben. Entdecke jetzt