Extra 💜

9.2K 706 48
                                    

ကြယ်ကလေးရဲ့ ကိုကို 💜

Extra

"သားတို့ရယ် လက်ထပ်ပြီး မင်္ဂလာဆောင်ကြတယ်ဆိုတာ လွယ်တယ်ဆိုပေမယ့် လက်ထပ်ပြီး မင်္ဂလာဆောင် ပြီးသွားလို့ အကြင်လင်မယားတွေ ဖြစ်သွားကြရင် လောကဓံ ရဲ့ ရိုက်ခက်မှု ပတ်ဝန်ကျင်ရဲ့ သွေးထိုးမှု မိသားစုပြသနာတွေ အိမ်တွင်းရေး စီးပွားရေးတွေ လူမှုရေးတွေက ရင်ဆိုင်ရခက်လိမ့်မယ်..။ပြီး​တော့ အိမ်​ထောင်တစ်ခု ပြုလိုက်လို့ လင်ရယ် မယားရယ် ဖြစ်လာပြီဆိုကတည်းက သူပြသနာ ကိုယ့်ပြသနာ့ တစ်ယောက်စီ ခွဲခြားလို့ မရနိုင်တော့ပဲ အခက်အခဲ ဟူသမျှ နှစ်ယောက်အတူ ရင်ဆိုင်နိုင်ကြရမယ်..။ တစ်ယောက် အန္တရာယ်ကို တစ်ယောက် ကာကွယ်ပေးရမယ်... ။နှစ်ယောက်သား တစ်သားတည်းဖြစ်အောင်နေပြီး အေးအတူပူအမျှ အခက်အခဲတွေကို ရင်ဆိုင်သွားကြမယ်ဆိုမှ ယူစေချင်တယ် သားတို့ရယ်..."

ရှောင်းကျန့် နဲ့ ဝမ်ရိပေါ် ထိုင်နေတဲ့ ရှေ့မှာ အေးအေးဆေးဆေး လမ်းလေးလျှောက် ပြောပြပေးနေတဲ့ ဝမ်ပါး...။ဝမ်မားကတော့ သူတို့နှစ်ယောက်မျက်နှာလေး ထိုင်ပြီးငေးကြည့်နေသည်...။

ရှောင်းကျန့် နဲ့ ဝမ်ရိပေါ် ဝမ်ပါးရဲ့ စကားလေးကို ခေါင်းလေးငြိမ့်ကာ ထောက်ခံကြပါသည်..။
ဝမ်ပါးပြောတာလည်း မမှားပါဘူးမလား...
လူသိရှင်ကြား လက်ထပ်မင်္ဂလာ ပြုပြီးမှ ကွဲသွားကြတဲ့ လူတွေက ဒု နဲ့ ဒေ ရှိနေကြတယ်လေ..။အပြင်မှာ လက်တွေ့မြင်​နေကြရတယ်မလား...။

" သားတို့ နားလည်ပါတယ် ပါပါး.."

" အေး အပါးတို့ ပြောတဲ့ စေတနာကို သားတို့နားလည်စေချင်ပါတယ်...။
သဘာဝကို လွန်ဆန်ပြီး တွဲထားကြရတဲ့ လက်တွေမလား...။ လူပိုသတိထားပြီး ဂရုစိုက်နေကြတဲ့ လူတွေမလို့ ပေါ့ပျက်ပျက်မဖြစ်စေချင်ဘူး...။
အကယ်လို့ စိတ်ကစားပြီးတော့တာ ယူဖို့တွေးထားတဲ့အတွေးလေးများ တစ်ယောက်ယောက် မှာရှိနေခဲ့ရင် မင်္ဂလာဆောင်ပြီး ယူဖို့မစဉ်းစားပဲ ချစ်နေကြတဲ့အချိန်ထိသာ နှစ်ယောက်အတူတွဲပီး နေကြစေချင်တယ်..။
ကြာလို့ ရိုးသွားခဲ့ရင် အရမ်းမထိခိုက်နိုင်ကြတဲ့ ခွဲခွာမှုနဲ့ အဆုံးသတ်လို့ရတာပေါ့...။
လူသိရှင်ကြား မင်္ဂလာဆောင် ပြီးမှ သဘောထားမတိုက်ဆိုင်လို့ဆိုတဲ့ ခွဲခွာမှုက နှစ်ယောက်လုံးကို အရမ်းထိခိုက်စေပြီး ဝိုင်းလက်ညိုးထိုး ဟားတိုက်ရယ်ခံရမှာ ဆိုးလို့ပါ..."

ကြယ်ကလေးရဲ့ကိုကို  (  Completed )Where stories live. Discover now