47 ( final)

9.2K 615 25
                                    

ကြယ်ကလေးရဲ့ကိုကို 💜

Chapter - 47

ကလေးငယ်ငယ်လေးတွေရဲ့ ခံစားချက်တွေက အရမ်း နုငယ်တယ်...။ ထစ်ကနဲဆိုလည်း မျက်ရည်ကကျတက်ပြန်တယ်...။
ဝမ်းနည်းလွန်းလို့ဆိုပြီး တစ်အိအိ ငိုကြွေးနေတက်သလို ပျော်လွန်ပြန်လျှင်လည်း အော်ကြီးဟစ်ကျယ် ထိုင်ငိုကြပြန်ရော...။
ဟုတ်လို့လား သေချာရဲ့လား မမေးနဲ့ အခု ရှောင်းကျန့် ရင်ခွင်ထဲမှာ ပင်ပန်းစွာ အိပ်ပျော်နေတဲ့ ကလေးငယ်လေးက သက်သေပဲ.....။

မနေ့ညက ဖန်ရှင်း တင်လိုက်တဲ့ video file လေးနဲ့ ပတ်သက်ပြီး ပရိသတ် တွေရဲ့ တုန့်ပြန်မှုကို ကလေးငယ်လေးရော ရှောင်းကျန့်ပါ ရင်ခုန်စွာ မျှော်လင့် စောင့်​မျှော်နေမိကြသည်..။ တစ်ကယ်တန်းတော့ ချက်ချင်းပြန်မလာတဲ့ အဖြေတွေ...ပြောစရာစကားမရှိသလို ငြိမ်နေပေးခဲ့ကြသည်...။ကလေးငယ်ငယ်ကတော့ ဝမ်းနည်းစွာ ထိုင်ငိုသည်...သူ့ကို လက်မခံ​ပေးကြတော့ဘူးဆိုပြီးတော့...။
ရှောင်းကျန့်လည်း ကလေးငယ်နဲ့ တမ်းတူ ဝမ်းနည်းပေးယုံမှ တစ်ပါး ဘာမှမတက်နိုင်ခဲ့ပေ...။
ဒါပေမယ့် အချိန်အတန်ကြာမှ ဆက်တိုက် ဝင်လာတဲ့ comments လေးတွေ..အခု ၁၀၀ မှာ ၈၀ ခုလောက်က လက်ခံပေးခဲ့ကြသည်လေ...။ ဒါကို မြင်တဲ့ ရှောင်းကျန့် ငိုနေတဲ့ ကလေးငယ်လက်ထဲကို laptop လေးထိုးပေးပြီး ပြသခဲ့သည်..။ချက်ချင်း အငိုတိတ်သွားတဲ့ ကလေးငယ်လေး ဝင်လာနေတဲ့ comments တွေကို တစ်ခုမကျန် လိုက်ဖတ်ပြီး မျက်နှာလေးပြုံးရယ်လာခဲ့သည်...။ ကလေးမျက်နှာလေး ကြည်လင်လာတာကို တွေ့တဲ့ ရှောင်းကျန့် သက်ပျင်းလေးချပြီး ထိုင်မယ်လုပ်မလို့ စဉ်းစားကာရှိသေး ချက်ချင်းရှိုက်ငိုလာပြန်တဲ့ ကလေးငယ်လေး...ရှောင်းကျန့်ဘာမှ တွေးမနေတော့ဘူး ကလေးငယ်ကို ရင်ခွင်ထဲဆွဲဖက်ထားလိုက်သည်...။ ကလေးငယ်ငယ်နား ဘယ်သူမှ ရှိမနေပေးရင်တောင် ကိုကို ရှိနေပေးတယ်လေ...။

" ကိုကို.."

ရေင်ခွင်ထဲမှာ ခေါ်လာတဲ့ အသံလေးကြောင့် ညကအကြောင်း တွေးနေမိတဲ့ အတွေးစလေးကို ရပ်တန့်စေလိုက်တယ် ရှောင်းကျန့်

" အင်း ကလေးငယ်ငယ် နိုးပြီလား..."

" ကိုကို ကျွန်တော် အိမ်မက် မက်နေတာလား.."

ကြယ်ကလေးရဲ့ကိုကို  (  Completed )Donde viven las historias. Descúbrelo ahora