19

7.1K 668 7
                                    

ကြယ်ကလေးရဲ့ကိုကို 💜

Chapter - 19

Xiao zhan ရေချိုးခန်းထဲ ဝင်သွားတာနဲ့ စောင်ပါးလေးခြုံပြီ အိပ်ယာထဲ ဝင်လိုက်တဲ့  wang yibo မျက်လုံးများမှိတ်ပြီး အိပ်ပျော်ဖို့ကြိုးစားလိုက်ပေမယ့် ခုဏကမှ နိုးလာတဲ့  အရှိန်နဲ့ ခုမှ ရေချိုးထားတဲ့ အရှိန်ကြောင့် အိပ်ပျော်နိုင်ဖို့လမ်းစ မမြင်ခဲ့ပေ

Wang yibo တစ်ပတ်လိမ့်ချပြီး ကုတင်ပေါ်မှ ထထိုင်ကာ ph လေးကို လှမ်းယူလိုက်သည်

ဖန်ရှင်း စိတ်ပူနေလိမ့်မယ် ph ဆက်ရမယ်လေ

Wang yibo ph ခေါ်ခေါ်ခြင်း တစ်ဖက်က ph ကိုင်လာတဲ့ ဖန်ရှင်း

" wang yibo မင်းဘယ်မှာလဲ..?
အဆင်ပြေလား ငါ မင်းဘော်ဒီဂတ်တွေကို မပြန်ခိုင်းရသေးဘူး
မင်း ဘယ်နားမှာလဲ လာခေါ်ခိုင်းလိုက်မယ်.."

ဖန်ရှင်းရဲ့ စကားသံကြောင့် စိတ်မကောင်းဖြစ်သွားတဲ့ wang yibo
Meeting ပြီးပြီးချင်း ဧည့်ခံကျွေးမွေးတဲ့ ညစာတောင်မစားပဲ ပင်ပန်းနေပြီဆိုပြီး ထပြန်ခဲ့တာ မဟုတ်ပါလား
ခုချိန်ထိပြန်မရောက်လာတဲ့ သူ့ကို ဖန်ရှင်းစိတ်ပူတာ မဆန်းပါဘူးလေ
ဖန်ရှင်းသည် သူ့အပေါ် သူငယ်ချင်းကောင်းပီသသည်

သူဆိုးသမျှခံသည်
သူရှုပ်သမျှ နောက်ကနေ ရှင်းပေးသည်
ခုလည်း သူ့ကို မတွေ့သေးလို့ အိမ်ပြန်မှာ မဟုတ်သေးဘူး
သူ့တိုက်ခန်းမှာ ထိုင်စောင့်နေနိုင်သေးတယ်

" ဖန်ရှင်း "!!

" အင်း yibo မင်းဘယ်မှာလဲ "???

မပြောမဖြစ် ပြောမဖြစ်နဲ့
မပြောချင်ပေမဲ့ ပြောရဦးမယ်
သူငယ်ချင်းရယ်

" ငါ... ငါ သူဋ္ဌေး​ရှောင်း အိမ်မှာ ရောက်နေတာ ဖန်ရှင်း..."

wang yibo စကားသံ အဆုံး ငြိမ်ကြသွားတဲ့ ဖန်ရှင်း အတန်ကြာမှ စကားသံ တိုးတိုးဖြင့်

" မင်း ဒီနေ့ည ပြန်မလာတော့ဘူးလား..."

" အင်း ဖန်ရှင်း ငါ မနက်မှ ပြန်လာတော့မယ်"

" အေးပါ အဲ့ဒါဆို ငါ မင်းရဲ့ လူတွေပြန်ခိုင်းလိုက်ပြီး ငါလည်း ပြန်လိုက်​တော့မယ် ကောင်းကောင်း အနားယူပါ ရှူတင်က ညနေမှ ရှိတာ သိလား စောစောပြန်မလာလည်းရတယ် "

ကြယ်ကလေးရဲ့ကိုကို  (  Completed )Nơi câu chuyện tồn tại. Hãy khám phá bây giờ