42

5.2K 543 9
                                    

ကြယ်ကလေးရဲ့ ကိုကို 💜

Chapter - 42

မင်းသား ဝမ်ရီပေါ် ဟာ သူရဲ့ချစ်သူနဲ့ date မယ်လို့ သတင်းအတိအကျ ရထား၍ သတင်းသမားများက ကြိုပြီး သွား​စောင့်ဖမ်းစဉ် တက်သစ်စ မင်းသမီးလေး ဝမ်ချင်းနှင့် တွဲပြီးထွက်လား...။

အဲ့ဒါဆို ဝမ်ရိပေါ်က ဟိုဟာမဟုတ်ဖူးပေါ့...!!

တော်ပါသေးရဲ့ ဟို B to B သတင်းတုန်းက ဝမ်းနည်းပြီး ငိုခဲ့ရတာ အားပေးနေပါတယ် ဝမ်ရိပေါ်.... ။

ယောကျာ်းလေး တစ်ယောက်မလို့ မိန်းကလေးတစ်ယောက်နဲ့ ချစ်သွားတာ လက်ခံပါတယ်..... ။

အားပေးနေပါတယ်နော် ဝမ်ရိပေါ်....။

ဝမ်ရိပေါ် ညီမတို့ အကို ရိုက်ထားတဲ့ကားတွေကို မျှော်နေပါတယ်နော်
အားတင်းထား....။

ဝမ်ရိပေါ်ကိုအားပေးတာ သူချောလို့မဟုတ်ဖူး သူ့အနုပညာကို ချစ်တာ သူ ယောကျာင်္းလေးနဲ့ ဖြစ်စေ မိန်းကလေးနဲ့ ဖြစ်စေ သူပျော်နေရင် ရပြီ....။

ဘယ်သူနဲ့ ချစ်ချစ် ငါတို့ မင်းသားလေး ပျော်နေဖို့ အဓိက...... ။

အချစ်ဆိုတာ ယောကျာင်္း မိန်းမ မခွဲခြားဘူး
ဝမ်ရိပေါ်လေး ပျော်နေရင် ရပြီ ဘယ်သူနဲ့ချစ်ချစ် လိုက်ချစ်ပေးမယ် အားတင်းထား....။

ဝမ်ရိပေါ် ညီမတို့ကိုချစ်တယ်ဆို ပြစ်ထားခဲ့ပြီလား....။

ဝမ်ချင်းရေ ငါ့တို့ ရိပေါ်လေးကို ပျော်အောင်ထားပေးပါ...။

ရိပေါ်လေး ချစ်တဲ့သူဆို ငါတို့ လိုက်ချစ်ပေးမယ်...။

ရိပေါ်လေး အဲ့ဒာတးဆို အရင်တစ်ခါက ထွက်လာတဲ့ B to B က တစ်ကယ်မဟုတ်ဖူးပေါ့...။

ရိပေါ်လေး ဘယ်သူနဲ့ချစ်ချစ် ရိပေါ်လေးကိုပဲ ချစ်နေရရင် ကျေနပ်တယ်....။

ရှောင်းကျန့် Weibo မှာ hot ဖြစ်နေတဲ့ သတင်းအောက်က comments လေးတွေ တစ်ခုချင်းလိုက်ဖတ်ရင်း နှုတ်ခမ်းလေးက ပြုံးနေမိသည်...။
မျက်ဝန်းမှာတော့ မျက်ရည်စတွေနဲ့ပေါ့...။

ကလေးငယ်ငယ်ရယ် ကိုကို တွေးခဲ့ဖူးတယ်
ကိုကို နိုင်ငံခြားမှာ ပညာသင်ပြီး ပြန်လာတာနဲ့
ကလေးငယ်ငယ်ကို မိုးမြေအဆုံး လိုက်လို့ရှာပြီး အပိုင်သိမ်းပြစ်မယ်လို့....။
ဒါပေမယ့် ရှာစရာမလိုပဲ ကိုကိုတို့အတွက် ပြန်တွေ့​စေဖို့ ရေစက်က ပါလာပြီးသားထင်တယ်..။
ပထမ ဆုံစေခဲ့နေနေရာလေးမှာ
ဒုတိယ ပြန်တွေ့စေပေမယ့် ပြောင်းလဲသွားတဲ့ အခြေအနေတွေ က ကိုကို ကလေးငယ်ငယ်ကို ချက်ချင်း အပိုင်သိမ်းမယ် ဆိုတဲ့ ရည်ရွယ်ချက်ကို တွေဝေစေတယ်....။
ကလေးငယ်ငယ်က အမြင့်ကပန်း နန်းတော်ဝန် သဇင်လေးဖြစ်နေခဲ့ပြီလေ...။
ကိုကိုကြောင့် ထိခိုက် ညိုးနွမ်းပြီး နန်းပြင်ထုတ်ပယ်ခံရရင် ကိုကိုပဲ ရင်ကျိုးရမှာ..။
ဒါပေမယ့် မခူးရက် တာလားဆိုတော့လည်း မဟုတ်ပြန်ဘူး...။
ကိုကိုက အပိုင်သိမ်းမှာ...။
ကိုကို ကိုယ်တိုင် နန်းတော်ကြီး တစ်ခုလုံးကိုအပိုင်စားရတဲ့ ရှင်ဘုရင်လုပ်ပြီး
တော်ဝင်ပန်း လေးကို သိမ်းပိုက်ယူမှာ...။
ခုတော့ အိမ်ရှေ့စံဘဝမလို့ မပန်ထိုက်သေးတဲ့ပန်းကို မျက်ရည်စတွေနဲ့ ငေးကြည့်နေယုံပဲပေါ့

ကြယ်ကလေးရဲ့ကိုကို  (  Completed )Wo Geschichten leben. Entdecke jetzt