35

5.7K 573 5
                                    

ကြယ်ကလေးရဲ့ကိုကို 💜

Chapter - 35

ဒီနှစ်သစ်ကူး အိမ်ပြန်ခြင်းက ကျွန်တော့အတွက် အထီးမကျန်ဆန်ဘူး
ဒါပေမယ့် ရင်ထဲက  ဆိုးရိမ်စိတ်တွေနဲ့ ထိန့်လန့်နေခဲ့ရတယ်
Wang yibo လေယာဉ် ခုံလေးကို ခေါင်းလေးမှီပြီး မျက်လုံးလေးများ မှိတ်လိုက်သည်

" ငယ်လေး အိပ်ချင်လို့လား..."???

စောင်ပါးလေးကို ပေါင်ပေါ်လွမ်းခြုံပေးရင်း စကားသံတိုးတိုးနဲ့ မေးလာခဲ့တဲ့ ကိုကို ကို
Wang yibo ခေါင်းလေးငြိမ့်ပြလိုက်သည်

"ဟုတ် ကိုကို ခဏလောက် အိပ်မလားလို့ "

Wang yibo ရဲ့ စကားကို ခေါင်းလေးငြိမ့်ပြတဲ့ Xiao zhan

" အင်း ခဏ​လောက် အိပ်လိုက် စိတ်ထဲမှာ ဘာမှမတွေးထားနဲ့ ကလေးငယ်လေး ဘေးနားမှာ ကိုကို ရှိနေပေးမယ်နော် "

ဘေးနားက စကားသံတိုးတိုးပြောရင်း မျက်လုံးလေးများ မှိတ်ချလိုက်တဲ့ wang yibo ဘေးနား ငြိမ်ငြိမ်လေး လိုက်ပါပေးခဲ့တဲ့
Xiao zhan နှစ်ယောက်လုံး ငြိမ်သက်သွားပေမယ့် နှစ်ဦးစလုံး ရင်ထဲမှာ အတွေးကိုယ်စီနဲ့

ကိုကို ပါလာတဲ့ အိမ်ပြန်ခရီးမှာ
မိသားစုဝင်တွေကို ဘယ်လိုပြောပြရမလဲ
တစ်ယောက်တည်းဆိုရင် ဆူချင်ဆူ ဆဲချင်ဆဲ
ရိုက်ချင်ရိုက် ခေါင်းငုံ့ခံပြီး ဖွင့်ပြောမယ်လို့ ရည်ရွယ်ထားတဲ့ wang yibo, ကိုကိုက သူလည်း ကျွန်တော်နဲ့အတူ ဆူ ၊ ဆဲ ၊ ရိုက်ခံမယ်ဆိုပြီး လိုက်ပါလာတယ်လေ
ဖွင့်ပြောလို့ ဆိုးဝါးခဲ့ရင်တောင် ရင်ဆိုင်ရသမျှ နှစ်ယောက်သား အေးအတူ ပူအမျှပဲတဲ့

ကိုကိုက တစ်ကယ် ငါအတ္တကြီးတယ်ဆိုတာ သိလိုက်ရတယ် 
သူ့အလှည့်တုန်းကကျတော့ ငါ တစ်ယောက်တည်း ဖြစ်တယ် ဆိုပြီး ရင်ဆိုင်ကာ
သူ့ကလှည့်ကျတော့ နှစ်ယောက်အတူ အေးအတူ ပူအမျှပဲတဲ့

Xiao zhan မျက်လုံးလေးမှိတ် ငြိမ်နေတဲ့ ကလေးငယ်ကို ငေးကြည့်လိုက်သည်
သူ့အရိပ် ​ပေါ်​နေတဲ့ မှန်သားပြင်ကို ငေးကြည့်ခဲ့သလို အရိပ်တစ်ကြည့်ကြည့်နဲ့ ကြည့်​နေခဲ့ရတဲ့မျက်နှာလေး အခုလည်း
မအိပ်သေးမှန်းသိသာစွာ
Mask တပ်ထားလို့ ပေါ်နေတဲ့ မျက်လုံးလေးများတွင်
မှေးမှိတ်ထားတဲ့ မျက်ဝန်းလေးမျာရဲ့
မျက်တောင်လေးများက ပုတ်ခက်ပုတ်ခက်နဲ့

ကြယ်ကလေးရဲ့ကိုကို  (  Completed )Nơi câu chuyện tồn tại. Hãy khám phá bây giờ