21

6.6K 731 23
                                    

ကြယ်ကလေးရဲ့ကိုကို 💜

Chapter - 21

တိတ်ဆိတ်နေတဲ့အခန်းလေးရှိ လူအများကတော့ အတွေးကိုယ်စီနဲ့

"Wang yibo အဲ့ဒါဆို မင်း အဆင်သင့်လုပ်ထားလိုက်တော့နော် "

တိတ်ဆိတ်မူ့ကို ဖြိုခွင်းလာတဲ့ အသံကြောင့်
Wang yibo မနေနိုင်စွာ ထပြောလိုက်သည်

"ကျွန်တော်တို့ဘက်က ငြင်းလို့မရဘူးလား"??

" မရဘူး yibo ဒီကားအတွက် ဒီဇာတ်ဝင်ခန်းက အဓိက မိန်းပဲဆိုတာသိတယ်မလား.."??

ရိုက်ကွင်းမန်နေဂျာရဲ့ စကားကို wang yibo ခေါင်းလေးခါလိုက်သည်
သူသိပါတယ် ဒါက နောက်ဆုံးရိုက်ကွက်တွေဆိုတာ
ဒါပေမယ့် သွားရမယ့်နေရာက ph လိုင်းတောင်မရှိတဲ့ တောကြီးထဲ
ပြီးတော့မိုးတွင်းကြီး
မိုးရွာထဲမှာ ရိုက်ရမယ့် ဇာတ်ကွက်တွေမပါပေမယ့်
ဒီလောက်ထိ နက်တဲ့ တောထဲကိုသွားရမှာတော့ သူအတွက်အဆင်မပြေဘူးလေ
ဒါပေမယ့်လည်း ဘာတက်နိုင်မှာလဲ
ပြီးသလောက်နီးပါရိုက်ပြီးသွားပြီပဲ
ဒါလေပဲ သည်းခံ သည်းခံ
Wang yibo ထရပ်လိုက်သည်

" အဲ့ဒါဆို ကျွန်တော်ပြန်တော့မယ် "

.....................

" သူဌေးလေး ကားက ဆက်မောင်းလို့မရတော့ဘူး "

Xiao zhan လက်ထဲက ဖိုင်တွဲတွေကိုဖတ်နေရင်း ရှေ့ကနေပြောလာတဲ့ ကားဒရိုင်ဘာစကားကြောင့် ခေါင်းလေးမော့ကြည့်လိုက်သည်
ကားရှေ့မှန်မှာထိုးဖောက်မြင်နေရတဲ့ မြင်ကွင်းက မရှင်းလင်းခဲ့

ဒီမိုးနဲ့ အလုပ်မဖြစ်လိုက်တာ
ဘယ်သူ့အားကိုးနဲ့ ဒီလောက်ထိ သည်းကြီးမဲကြီး ရွာနေလဲမသိဘူး
ကားရှေ့မီးထွန်းမောင်းတာတောင် အဆင်မပြေတော့ဘူး

" ကားကို ရှေ့မီးနောက်မီး မပိတ်ပဲ လမ်းဘေးချရပ်လိုက်ပါ "

Xiao zhan စကားကို ဒရိုင်ဘာကြီးက နာခံစွာ ကားလေးကို လမ်းဘေးချရပ်လိုက်သည်

Xiao zhan ကားမှန်ပြတင်းပေါက်အပြင်ဘက်မှာ ကခုန်နေတဲ့ မိုးစက် လေးတွေကို အဓိပ္ပါယ် မဲ့စွာငေးကြည့်နေမိသည်

လွမ်းလိုက်တာ ကလေးရယ်
အဆင်မှပြေရဲ့လား? ?
ဒီမိုးကြီးနဲ့ တောထဲတောင်ထဲမှာ

ကြယ်ကလေးရဲ့ကိုကို  (  Completed )Donde viven las historias. Descúbrelo ahora