32

5.8K 546 16
                                    

ကြယ်ကလေးရဲ့ကိုကို 💜

Chapter - 32

ပါးက ပြောတယ် ဒီလပိုင်းလောက်မှာ လုပ်ငန်းစု တစ်ခုလုံးကို တရားဝင် လွှဲပြောင်းပေးမယ်တဲ့
ဒါကြောင့် နေ့မအား ညမနားနဲ့ ရှယ်ယာရှင်တွေလက်ခံလာအောင် သူပိုကြိုးစားပြနေခဲ့တယ်
အရမ်း ပင်ပန်းနေခဲ့တယ်
ဒီကြားထဲ ကလေးငယ်ရဲ့ ရိုက်ကွင်း နေရာက ပြောင်းလဲသွားတာ​ကြောင့် လွမ်းတဲ့စိတ် သတိရတဲ့စိတ် တွေ့ချင်တဲ့စိတ်နဲ့ ပိုပင်ပန်းရတယ်

အားတင်းထား Xiao zhan
ကလေးငယ်နဲ့ တစ်သက်လုံးနီးရဖို့
ခဏလေးဝေးရချိန်မှာ ပိုကြိုးစားစမ်းပါ

ကလေးငယ်လေးရယ် ကိုကို လွမ်းလိုက်တာ

Xiao zhan ခုံလေး​နောက်မှီကို မှီထိုင်လိုက်သည်
ကလေးငယ်ကို လွမ်းတဲ့စိတ်နဲ့ မျက်စိထဲ ပြန်မြင်လာတဲ့ ယမ်ကျင်း
သူတို့နှစ်ယောက်ပုံတွေ ကို ယမ်ကျင်းအဲ့နေက ph နဲ့ရိုက်လိုက်တာ အသေအချာတွေ့လိုက်ရပေမယ့်
ငြိမ်နေတဲ့ ယမ်ကျင်း ဘယ်အကွက်တွေ ရွေ့လို့နေတာလဲ
အဲ့နေ့က သူ့ပေါင်ပေါ်ခွထိုင်နေတဲ့ ကလေးငယ်က ယမ်ကျင်းကို မတွေ့လိုက်ပေမယ့်
ကားရှေ့မှန်ကို မျက်နှာချင်းဆိုင် ထိုင်နေတဲ့ သူကတော့သိလိုက်သိလေ
အမှောင်ထဲမှာလင်းနေတဲ့ ph Screen မီးရောင်အောက်မှာ ယမ်ကျင်း
လင်းခနဲ လက်သွားတဲ့ ကင်မရာမီးရောင်
အသေအချာ ဓာတ်ပုံရိုက်သွားတာပါ
ဒါပေမယ့် ယမ်ကျင်း ဘာလို့ငြိမ်နေပါသနည်း.....???

.................

ယမ်ကျင်း ph ပေါ်က ဓာတ်ပုံ တွေကို သေချာပြန်ကြည့်တော့ မရှင်းလင်းတဲ့ ပုံရိပ်တွေ ယောကျာင်္း​လေးနှစ်​ယောက်ရဲ့ မူမမှန်တဲ့ ပုံရိပ်တွေပေမယ့် မပျက်သား တဲ့ မျက်နှာတစ်ခု
ကားမောင်းသူနေရာမှာထိုင်နေတဲ့ ရှောင်းသူဌေးမျက်နှာက ပီပြင်နေပေမယ့်
ကျောခိုင်းပြီး ရှောင်းသူဌေးပေါ် ထိုင်နေတဲ့ ကောင်လေး သူမအနေနဲ့ ဒါဟာ wang yibo လို့ အသေအချာပြောနိုင်ပေမယ့် ချပြရင် မဖြစ်နိုင်တဲ့ ပုံတွေ ပုံရိပ်တွေက မပျက်သားဘူးလေ
Xiao zhan ရဲ့ လက်ထဲမှာရှိနေတဲ့ သူမရဲ့ video file. အဲ့ဒါကို ပြန်ရဖို့အတွက် Xiao zhan ရဲ့ ကောင်လေး wang yibo ကို ပြန်အသုံးချရမယ်

ကြယ်ကလေးရဲ့ကိုကို  (  Completed )Tempat cerita menjadi hidup. Temukan sekarang