30

6K 598 13
                                    

ကြယ်ကလေးရဲ့ ကိုကို 💜

Chapter - 30

ဒီနေ့ သားတော်မောင်က ထူးထူးဆန်းဆန်း အိမ်လာမယ်လို့ ph ဆက်ထားလို့ ကုမ္ပဏီကို မသွားဖြစ်တဲ့ ရှောင်းသူဌေးကြီး ဧည့်ခန်းထဲမှာ အေးအေးဆေးဆေး စာဖတ်နေစဉ် ကောင်လေးတစ်ယောက်ကို လက်ဆွဲပြီး အိမ်ထဲဝင်လာတဲ့ သားတော်မောင်
ရှောင်းသူဌေးကြီး ထိုင်ဖို့ ခေါင်းလေးငြိမ့်ပြလိုက်သည်

အိမ်အကူကြီး လာချပေးတဲ့ အအေးခွက်ကိုယူပြီး ဘေးနားက ကောင်လေးလက်ထဲထိ ထည့်ပေးနေတဲ့သား
ရှောင်းသူဌေးကြီး အနေနိုင် စကား စရလေပြီ

"ရှောင်းကျန့် အိမ်ဘာပြန်လာလုပ်တာလဲ"

ရှောင်းသူဌေးကြီး စကားကြောင့် မော့ကြည့်လာတဲ့ ရှောင်းကျန့်

" ကျွန်တော်က အပါးသား အပါးအိမ် လာလို့မရဘူးလား..."?

" အေး ငါ့သားက ငါ့အိမ်ကို လာလို့ရတယ်လေ အခုဟာက မင်းက ရိုးရိုးသားသား ပြန်လာတာမှ မဟုတ်တာ.."

" ရိုးရိုးသားသား ပြန်လာတာ မဟုတ်လို့ ဘာလာလုပ်ရမှာလဲ.."??

" ရှောင်းကျန့် မင်းစကားမများနဲ့ ပြောစရာရှိတာ ပွင့်ပွင့်လင်းလင်းပြော ငါ ကုမ္ပဏီကို သွားရဦးမယ်.."

ရှောင်းသူဌေးကြီး စကားကြောင့် ခေါင်းလေးငြိမ့်ပြတဲ့ Xiao zhan

" အပါး မှတ်မိတယ် မဟုတ်လား...??
ကျွန်တော့ကို ပညာတော်သင် သွားခိုင်းတုန်းကလေ ပညာစုံလို့ ကုမ္ပဏီကို အုပ်ချုပ်နိုင်လို့ရှိရင် ကုမ္ပဏီကို ကျွန်တော့လက်ထဲ ချက်ချင်း ထည့်ပေးမယ်ဆိုတာ.."

ရှောင်းသူဌေးကြီး ခေါင်းငြိမ့်ပြသည်

" ကျွန်တော် အခု ပညာစုံပြီ ဆိုတာ အပါးသိမှာပါ ဒါကြောင့် ရှောင်းလုပ်ငန်းစုကို တရားဝင် ကျွန်တော့ကို လွှဲပြောင်းပေးပါ.."

ရှောင်းကျန့် စကားကြောင့် ဖတ်လက်စ စာအုပ်ကို အောက်ချလိုက်တဲ့ ရှောင်းသူဌေးကြီး

" ဘာလဲ မင်းက ငါ့ကို အမွေလာတောင်းတာလား..."??

" ဟင့်အင့် မဟုတ်ပါဘူး အပါး
ကျွန်တော်က ကျွန်တော့ကလေးလေးကို ပိုပြီး ကာကွယ်​ပေးနိုင်ဖို့ ရှောင်းလုပ်ငန်းစုကြီးကို တရားဝင် လာတောင်းယူတာပါ..."

ကြယ်ကလေးရဲ့ကိုကို  (  Completed )Donde viven las historias. Descúbrelo ahora