Chapter 12💛( zawgyi)

1.9K 142 9
                                    

မြစ်ကမ်းဘေးနားက ပန်းခြံလေးရဲ့ မြက်ခင်းလေးတခုပေါ်မှာ ‌ကောင်းလေးတယောက်ခြေဆင်းလို့ထိုင်နေတယ် ။လေးညင်းလေးတွေက သာသာယာယာပဲတိုက်ခတ်သွားတယ်။
ဘေးနားက အပင်လေးရဲ့ အရိပ်ကကောင်လေးက နေရောင်ကကွာကွယ်နိုင်ပေမယ့် ရင်ထဲကပူလောင်မူကိုတော့ အေးချမ်းအောင်မစွန်းဆောင်နိုင်ခဲ့ဘူး။

ဒီနေ့ကကျန်ကောရဲ့ မဂ်လာဆောင်မယ့်နေ့ ကျနော်ကတော့ ဒီတိုင်းထွက်ပြေးလာခဲ့တဲ့လူတယောက် ။ဘေးနားက ဖြတ်တိုက်နေတဲ့လေတွေကပါ နှလုံးသားလေးပါသွားမတန့် ပြင်းထန်နေတယ် ။ဘယ်ဆီဘယ်ဝယ်မှန်းမသိလွင့်လာတဲ့ သီချင်းသံကပါ စိတ်ခံစားချက်ကို ပြင်းထန်စေပြန်ရော။ဒါပေမယ့်လိုက် ညည်းနေမိတယ်။

"အင့်………"

သန်မာတဲ့ လက်တစုံကဆွဲဖတ်ခြင်းကိုကျယ်ပြန့်တဲ့ရင်ခွင်ထဲကိုကိုယ်လုံး လေးကကျရောက်သွားတယ် ။ရနေတဲ့ ကိုယ်သင့်နံ့နဲ့ lavenderနံ့သင်းသင်းလေးက မော့ကြည့်စရာကိုမလိုလောက်အောင်ကို မှတ်မိနေတယ်၊ဘယ်လောက်ကြာကြာကို မေ့မသွားတဲ့ကိုယ့်ကိုကိုတောင် အံ့ဩမိပါရဲ့ ။

အံ့ဩခြင်းတွေကြောင့် မျက်ဝန်းတစုံကပြူးကျယ်လျှက် ။ဒီနေ့က ကျန့်ကောရဲ့ လက်ထပ်ပွဲနေ့လေ ။နောက်ပြီး ကျနော်ကို ဘယ်လိုရှာတွေ့တာလဲ။နောက်ပြီး……

မေးခွန်းပေါင်းထောင်ချီနေပြီ ရိပေါ်ဆွံ့ အငြိမ်သက်လျှက် ။ဖတ်ထားတဲ့လက်တစုံကသာ ပိုမိုတင်ကျပ်လာတယ်။ လွတ်ထွက်သွားမှကြောက်လွန်းလို့ ခန္တာကိုယ် နှစ်ခုလုံးတခုတည်း ဖြစ်သွားမတတ်ကိုတင်းကျပ်လာတာ။

အရင်းတင်းကျပ်လွန်းလို့ ရိပေါ် ရှုန်းလိုက်မိသည်။ထိုအခါမှ ကျန့်ကောဆီက အသံသိပ်သိပ်လေး ထွက်လာသည်။

"တောင်ပန်ပါတယ်……"

"ကျန့်ကော.ခဏ…အခု……ကျန့်ကော…ကဘယ်လို့???"

ထစ်ထစ်အအမေးလာတဲ့ အကောင်ပေါက်လေးကြောင့်လွတ်ပေးပြီး ဘေးနားမှာနီးနီးကပ်ကပ်ပဲ ခြေဆင်းထိုင်လိုက်တယ်။‌အကောင်ပေါက်လေးကတော့ အယုံကြည်နိုင်သလို အကြည့်လေး နဲ့တွေတွေလေးလို့ သူကိုသာစိုက်ကြည့်နေတယ်။ အဲ့အကောင်ဘက်ကိုလှည့်မကြည့်ဘဲကိုသိနေတယ်။အဝေးကို မျှော်ကြည့်ပြီး ဘာမှမအပ်စပ်တဲ့စကားတခွန်းကိုသာဆိုလိုက်သည်။ဟုပ်တယ် စချင်လို့။

Yellowish Love (Complete)Hikayelerin yaşadığı yer. Şimdi keşfedin