"ဂျိမ်း"
"F**k မရပ်သေးဘူးလားကွာ"
စီနီယာ P' က အတူပြန်ဖို့ပြောတာကို အားနာပြီး ငြင်းခဲ့မိတာကို နောင်တရမိတယ်
ဆေးရုံမှာ လူနာတွေကိုတစ်ခေါက်ပြန်စစ်ဆေးပြီးမှ အိမ်ကိုပြန်လာတော့ မိုးကတော်တော်လေးချုပ်နေပြီ
အဆိုးဆုံးကတော့ မိုးတွေချိန်းနေတာပဲ
ဆရာဝန်မို့လို့ တခြားအရာတွေ ဘာကိုမှမကြောက်တတ်ပေမယ့် ဘာကြောင့်မှန်းမသိ မိုးချိန်းတာတော့ ဘယ်လိုမှ အားတင်းမထားနိုင်...လမ်းမကြီး တစ်လျှောက် အသွားအလာ တစ်ယောက်မှရှိမနေပေ
နယ်မြို့လေးမို့ ည၉နာရီဟာ ဒီမြို့ကလူတွေအတွက်တော့ အပြင်မထွက်ကြတော့တဲ့အချိန်အိမ်မြန်မြန်ပြန်ရောက်ဖို့ ခြေလှမ်းကိုသွက်ရင်း အနောက်ကိုလှည့်ကြည့်မိတော့ ခပ်ဝေးဝေးမှာ ကားမီးရောင်လေးတွေမြင်လိုက်ရတယ်...
ဘာပဲဖြစ်ဖြစ် ခဏတာတော့ အဖော်ရပြီ အားတင်းရင်း ဆက်လျှောက်လာမိသည်။
ရုတ်တရတ် တစ်စုံတစ်ရာဟာ မူမမှန်ဘူးလို့ခံစားလာရတယ်။
နောက်ကိုလှည့်ကြည့်မိတော့ စောစောက မြင်ခဲ့တဲ့ကား၂စီးဟာ တော်တော်လေးနီးနီးကိုရောက်လာနေပြီ..."F**kေ-ာက်ကျိုးနဲ့ အဲ့လောက်မောင်းနေမှတော့ အကုန်သေကုန်တော့မှာပဲ"
"ဝူး... ဝေါ"
"ဟ ဟ"
"ဝုန်း"
"အ"ကြည့်နေရင်း ဝရုန်းသုန်းကားပြိုင်မောင်းလာတဲ့ ကား၂စီးကြောင့် ဘေးကို အမြန်ရှောင်လိုက်တော့
လမ်းဘေးက ခဲလုံးကို တက်နင်းမိပြီး ခြေခေါက်လဲသွားတယ်...ရန်တွေ့ဖို့မော့ကြည့်လိုက်တော့ ကား၂စီးက အရောင်တောင် ပြပြလေးပဲမြင်ရတော့တယ်။
"§%&&**#.^&&^"
*ဟူး မတတ်နိုင်ဘူး ငါကိုက ကံဆိုးတာပဲ*
"အ...နာလိုက်တာကွာ
ကျွတ်... ခြေခေါက်သွားပြီ
ဖြေးဖြေးပဲဆက်လျှောက်ရမှာပေါ့
လေပါတယ်ကွာ "ထော့နဲ့ထော့နဲ့ဖြင့် တဖြည်းဖြည်းဆက်လျှောက်လာရာ လမ်းချိုးတစ်နေရာအရောက်တွင်တော့
"ဟာ ဟ"
စောစောကဖြတ်သွားတဲ့ ကား၂စီး ယှဉ်ရပ်ထားတာတွေ့လိုက်ရသည်။
မကောင်းတဲ့စိတ်ကလေးကြောင့် ခပ်မြူးမြူးလေးရယ်လိုက်မိတယ်။
အဲ့ဒါ ငါ့ကိုလုပ်သွားတာကိုး ခုတော့ ဘာဖြစ်နေပြီလဲမသိ ဟားဟား...
