Part(2)

3.1K 249 8
                                    

Gulf မျက်စိရှေ့မှာ အစိမ်းရောင် မြက်ခင်းပြင်ကျယ်ကြီးကိုမြင်နေရတယ်...

ဘေးပတ်ပတ်လည် အရပ်ရှစ်မျက်နှာဟာ မြက်ခင်းနဲ့ပြည့်နေတယ်...
အဆုံးကိုမမြင်ရပေမယ့် ဘယ်ကိုကြည့်ကြည့် ခပ်လင်းလင်း အလင်းရောင်က ဖြန့်ကျက်နေတယ်...
ဘယ်နေရာမှန်းမသိပေမယ့် ကြောက်ရွံ့မှုကိုတော့ နည်းနည်းမှမခံစားရဘူး...
Gulf မြက်ခင်းပေါ်ကို ခြေစလှမ်းလိုက်တယ်...
နူးညံ့တယ်... အေးမြတယ်... ကြည်နူးဖို့ကောင်းတယ်...

Gulfလျှောက်လာရင်း တိုက်ခပ်လာတဲ့ လေနုအေးလေးကို မျက်နှာမော့ကာ ခံယူလိုက်တယ်...
တကယ်ကို အေးချမ်းကြည်နူးလွန်းလို့ မျက်နှာပေါ်မှာ အပြုံးတို့ဖြစ်ထွန်းလာမိတယ်...

"ဟင်!"

ခြေဖမိုးပေါ်က နူးညံ့တဲ့ အထိအတွေ့ကြောင့် လန့်ပြီးငုံ့ကြည့်လိုက်တော့...

"ဝိုး..."
ဖြူဖြူလုံးလုံးယုန်ဖြူလေးတွေ...
ခြေထောက်ပေါ်ကုပ်တက်ပြီး ပွတ်သပ်နေတာလေးက နူးညံ့ပြီးချစ်ဖို့ကောင်းလွန်းလို့ မချီပဲမနေနိုင်လောက်အောင်ပဲ...

Gulf မြက်ခင်းပေါ် ထိုင်ချလိုက်ပြီး ချစ်စရာယုန်လေးတွေကို ပေါင်ပေါ်ကောက်တင်လိုက်ပြီး ခေါင်းလေးတွေကို ပွတ်သပ်လိုက်တယ်...

"အိုး နူးအိနေတာပဲ... အမွှေးလေးတွေက နုအိအိလေးနဲ့ နွေးနွေးလေးတွေ... မင်းတို့ ဘယ်ကရောက်လာတာလဲ... "

"....."

"ဟေး ဟေး လျှောက်တိုးမနေကြနဲ့လေကွာ.."

"ခိခိခိ... ချစ်ဖို့ကောင်းလိုက်ကြတာ"

"အိုး ဘယ်ကိုတက်လာတာလဲ"

Gulf ပွတ်သပ်ပေးနေတုန်း ယုန်ဖြူလေးတစ်ကောင်က Gulfရဲ့ ရင်ဘတ်ပေါ်ကို ကုပ်တက်လာတယ်...
ကောင်လေးက ဖြူဖွေးပြီးအရမ်း ချစ်ဖို့ကောင်းနေတာကြောင့် Gulfလည်းမတားမိဘူး...

တဖြည်းဖြည်းနဲ့ ကောင်လေးက မျက်နှာနားကို တိုးကပ်လာခဲ့တယ်...

"ဟေး ဟေး မင်းဘာလုပ်မလို့လဲ"

"အို့!!!"

မျက်နှာနားကပ်လာတဲ့ ယုန်ဖြူလေးဟာ Gulfရဲ့ နှုတ်ခမ်းနားကို တဖြည်းဖြည်းနဲ့ တိုးကပ်လာပြီး တရှုတ်ရှုတ်နဲ့ လုပ်နေတယ်...
တရှုတ်ရှုတ်လုပ်နေရင်းကနေ သူ့ရဲ့နှုတ်ခမ်းနဲ့ Gulfရဲ့နှုတ်ခမ်းသားပေါ်ထိကပ်လာတယ်...
ဘာကြောင့်မှန်းမသိ Gulfတွန်းထုတ်ဖို့မေ့နေခဲ့တယ်...
စတော်ဘယ်ရီဂျယ်လီလေးစားလိုက်ရသလိုပဲ...
အိအိချိုချိုလေး...
ယုန်လေးဟာ ထိကပ်ထားရာကနေ တဖြည်းဖြည်း စုပ်ယူနမ်းရှိုက်လာတယ်...
ထပ်ပြီးတစ်ဆင့်တက်ကာ လျှာလေးနဲ့လျက်လာတယ်...
နူးအိအိနှုတ်ခမ်းလေးကနေ စိုစိစိ ခံစားချက်ကြီးကို ခံစားလိုက်ရတယ်...

Baby Doctor & His CEOWhere stories live. Discover now