Part(15)

2.2K 187 17
                                    

"ခွမ်း!!! ဒုန်း!!!"

ဒီလိုMewအခန်းထဲက အသံတွေ ရံဖန်ရံခါ ထွက်ပေါ်လာတတ်တာ babyလေးပျောက်သွားပြီး ကတည်းကပဲ...
အခုဆို babyလေးပျောက်နေတာ တစ်ပတ်ရှိပြီ... ဖုန်းကလည်းစက်ပိတ်ထားတယ်...
Mewလည်း မအိပ်နိုင် မစားနိုင်နဲ့ အပူတပြင်းရှာနေပေမယ့် ခုထိသတင်းအစအနကိုမရသေး...
Daraတို့နဲ့ ကိစ္စတွေကိုလည်း လှည့်မကြည့်နိုင်... ပြောချင်ရာသာပြောကြပါတော့... Mewအတွက် babyလေးသာ အရေးအကြီးဆုံး...

အခုဆို Mewက ထမင်းလည်းမှန်မှန်မစားနိုင်... အိပ်လည်းမအိပ်နိုင်... အချိန်ရှိသ၍ babyလေး အခန်းထဲဝင် babyလေးရဲ့ အငွေ့အသက်လေးတွေကို ရှုရှိုက်ရင်း babyလေးကိုရှာနေတဲ့ သူတွေဆီက ဘယ်တော့သတင်းကြားရမလဲသာမျှော်နေတတ်တယ်...

အခုကတော့ မနက်စောစောထဲက Mewရဲ့ စာကြည့်ခန်းမှာ... P'Chaisaiရဲ့ အလုပ်ကိစ္စအစီရင်ခံသမျှကို နားသာထောင်နေရတယ်... စိတ်ကတော့မပါ...

"အခု ရှယ်ယာရှင်တွေက ဆရာနဲ့ Khun Daraတို့ရဲ့ မင်္ဂလာကိစ္စက တကယ်လို့ထင်နေကြပြီ..."

"ဟင် ခဏလေး... သူတို့က ဘယ်လိုဖြစ်ပြီး အဲ့ဒီလိုထင်ရတာလဲ..."

"Khun Daraတို့ဘက်ကလည်း မငြင်းသလို... ဆရာတို့ဘက်ကလည်း ငြင်းဆိုမှု တစ်စုံတစ်ရာမရှိတာရယ်... ပြီးတော့ အခုတလော Khun Daraက သူဌေးကတော်ကြီးဆီကိုလည်း မကြာမကြာဝင်ထွက်နေတာတွေကြောင့်ထင်ပါတယ်..."

"တောက်!!!! ငါက babyလေးကို ပြန်ရှာတွေ့ပြီးမှ ဒီကိစ္စတွေကိုရှင်းမလို့ကို မရတော့ဘူးပဲ...
P'Chaisai အခုချက်ချင်း သတင်းသမားတွေ အဆင်သင့်ပြင်ထားပေး... ပြီးတော့ အခုငါတို့ကုမ္ပဏီမှာ Daraတို့မိသားစု ထည့်ထားတဲ့ ရှယ်ယာတွေကိစ္စရှင်းဖို့ P'Aranကိုဆက်သွယ်ထားလိုက်...
သြော်... ပြီးတော့ Daraလုပ်တယ်ဆိုတဲ့ သက်သေရော ရထားပြီလား..."

"အဆင်သင့်ပဲဆရာ... Daraခိုင်းထားတဲ့ သတင်းထောက်ဆီက တိကျတဲ့သက်သေရထားပြီးပါပြီ "

"OK... တိုက်ပွဲ စကြတာပေါ့... ကုမ္ပဏီကိုပဲ သွားကြစို့..."

"အ!!!!!"

"ဟာ... ဆရာ..."

တစ်ပတ်လုံး အအိပ်အစား မမှန်ထားတဲ့ ခန္တာကိုယ်က စိတ်သာဆောင်နေသည် လူကမလိုက်နိုင်တော့...
ရုတ်တရတ် ခုံကအထမှာ ရိပ်ခနဲမူးပြီး ခုံပေါ်ပြန်ထိုင်ကျသွားတယ်...

Baby Doctor & His CEOWhere stories live. Discover now